Sunday, July 12, 2009

ငယ်ဘ၀ကို သတိရစေတဲ့ဟင်း


ကျမ ၄ နှစ်အရွယ် မူကြိုစတက်ရတော့ တာမွေ မူကြို (၅) မှာတက်ခဲ့ရတယ်။ ကလေးတွေရဲ့ အစားအသောက်ကို မူကြိုကျောင်းကပဲ တာဝန်ယူပါတယ်။ အိမ်က ထမင်းဘူးထည့်ပေးစရာမလိုဘူး။ မူကြိုမှာ နေ့လည်စာ ထမင်းနဲ့ ဟင်း ရယ်၊ ညနေပိုင်းဆိုရင်တော့ သံပုရာရည်နဲ့ ဘီစကွတ် လိုမျိုး၊ ဒါမှမဟုတ် နို့ဆန်ပြုတ် လိုမျိုးကိုကျွေးတတ်တယ်။ အဲဒီတုန်းကတော့ ဒီလိုပဲ သတိမထားပဲ စားခဲ့တယ်လို့ ထင်ခဲ့တယ်။

တနေ့တော့ အိမ်မှာ ငါးပတ်မွှေဟင်း ချက်တယ်။ အဲဒီဟင်းနံရတာနဲ့ ချက်ချင်းပဲ မူကြိုတုန်းက အချိန်တွေကို ပြန်ပြီးသတိရသွားတယ်။ ကိုယ့်ကိုယ်ကိုတောင် တော်တော်ထူးဆန်းသွားတယ်။ ဟုတ်တယ် မူကြိုတက်တုန်းက နေ့လည်စာကို ငါးပတ်မွှေနဲ့ အမြဲလိုလို ကျွေးတတ်တယ်။ ကျမ ငါးပတ်မွှေဟင်းကို ကြိုက်ပါတယ် (အရိုးနွှင်ပြီးသား မို့လို့လည်း ဖြစ်ပါလိမ့်မယ်) အဲဒါကြောင့် နောက်ပိုင်း ငါးပတ်မွှေကို မူကြိုဟင်းလို့ပဲ မှတ်ထားလိုက်ပြီး ကျမရဲ့ မူကြိုဘ၀ကို သတိရစေတဲ့ဟင်း ဖြစ်လာခဲ့တယ်။

ကျမ ငယ်ငယ်က အစားမမက်၊ အဆော့မက်တယ် (ခုတော့ ပြောင်းပြန်ပါ :P )။ လူကြီးတွေ သတိမပေးရင် အချိန်မှန် ထမင်းမစားပါဘူး။ အဲဒါကြောင့် အဒေါ်က အမြဲလိုလို ထမင်းလိုက်ခွံ့ရတယ်။ ကိုယ်တိုင်စားရင် ထည့်ပြီးသလောက် အပြင် ဘယ်တော့မှ ပိုမစားဘူး။ ခွံ့ကျွေးရင်တော့ ဘယ်လောက်ခွံ့ခွံ့ စားပါတယ်။ အဒေါ် ခွံ့ကျွေးသမျှထဲမှာ ထမင်းကို ငပိရည်နဲ့နယ်၊ ချဉ်ပေါင်ဟင်းရည်စမ်းပြီး ၀က်သား အစပ်နဲ့ ကျွေးခဲ့တာကို အမှတ်မိဆုံးနဲ့ အကြိုက်ဆုံးဟင်းပါပဲ။ ခုရန်ကုန်ပြန်ရင်လည်း အဲလိုခွံ့ခိုင်းပြီး စားဦးမယ်း)

ငယ်ငယ်က စားခဲ့ဖူးပေမယ့် ခုချိန်မှာ အဲလိုအရသာမျိုး စားခွင့်မရှိတော့တဲ့ အရာတွေလည်း ရှိသေးတယ်။ အရင်က ကျမတို့လမ်းထဲမှာ ဒေါ်နုဆိုတဲ့ ကုလားမကြီးရောင်းတဲ့ အကြော်ဆိုင်ရှိတယ်။ သူ့ဆိုင်မှာ အကောင်းဆုံး အကြော်ကတော့ အာလူးကသလစ် ပါပဲ။ သူကြော်တဲ့အာလူးကသလစ် လိုအရသာမျိုး ဘယ်မှာမှ မစားဖူးတော့ဘူး၊ ကိုယ်တိုင်ကြိုးစားကြည့်ပါသေးတယ် မတူပါဘူး။ အချဉ်ရည်ကလည်း မန်ကျီးသီး အချဉ်ရည်လေးနဲ့ပါ။ အိမ်မှာ ဟင်းမကြိုက်တဲ့နေ့ဆို သူ့ဆီက အကြော်သွားဝယ်ပြီး ထမင်းကို အချဉ်ရည်လေးနဲ့နယ်၊ အကြော်လေးနဲ့စားလိုက်ရရင် ဗိုက်ကိုတင်းသွားတာပဲ။ အခုတော့ သူအကြော်မရောင်းတော့ပါဘူး။ သားသမီးတွေအဆင်ပြေလို့ မြောက်ဥက္ကလာမှာ အိမ်ပိုင်လေးနဲ့ နေနေပါပြီ (ပြောင်းသွားတဲ့ နေရာမှာများ အကြော်ရောင်းဦးမလားလို့ လိုက်စုံစမ်းထားတာပါ ;) )

တာမွေမှာနေတဲ့လူတွေဆိုရင်တော့ ရာပြည့်ဈေးကို သိပါလိမ့်မယ်။ ကျမကို မမွေးခင်ကတည်းက အဲဒီဈေးဘေးမှာရောင်းတဲ့ ဆိုင်လေးဆိုင်ရှိတယ်။ လေးဆိုင်လုံး ကျမအကြိုက်တွေချည်းပါပဲ။ ဆိုင်တွေကတော့ ငရုတ်ကောင်းမုန့်ဟင်းခါးဆိုင်၊ ၀က်ခြေထောက်စွတ်ပြုတ်ဆိုင်၊ ဆီချက်နှင့် ဆန်ပြုတ်ဆိုင်၊ အစုံသုတ်ဆိုင် တွေပါ။ အဲဒီဆိုင်တွေထဲမှာ ခုလက်ရှိ သုံးဆိုင်ပဲရှိပါတော့တယ်။ အစုံသုတ်ဆိုင် မရှိတော့ပါဘူး။ အစုံသုတ်ဆိုင် ဆိုင်ရှင် နာမည်က ဒေါ်သန်းရီမို့ ကျမတို့က ဒေါ်သန်းရီအသုတ်စုံဆိုင်လို့ ခေါ်တယ်။ ထမင်းနီနီလေးတွေ၊ ကျောက်ပွင့်လေးတွေနဲ့ ရှောက်ရွက်အုပ်ထားတဲ့ အသုတ်စုံလိုမျိုးကို ကြာဇံဟင်းခါး ကျဲကျဲလေးနဲ့ တွဲပေးတတ်တယ်။ အဲလိုအသုတ်မျိုး ဗိုလ်ချုပ်ဈေးမှာရသေးပေမယ့် အရသာကတော့ ဒေါ်သန်းရီအသုတ်နဲ့ မတူပါဘူး။ တခါတလေ အိမ်မှာ ကျမတယောက်တည်း ‘ဒေါ်သန်းရီရေ ဆိုင်ပြန်ဖွင့်ပါတော့’ ဆိုပြီး အော်နေတတ်တယ်း) ။ အခွင့်သာရင်တော့ ဒေါ်သန်းရီရဲ့ အစုံသုတ်နဲ့ ကြာဇံဟင်းခါးလေး စားချင်ပါသေးတယ်။

မေကဆုန်ရေ ဒီလောက်နဲ့ ကျေနပ်ပေးပါ။ ဆက်ရေးရင် မြန်မာပြည်က အစားအစာတွေ လွမ်းလွန်းလို့ မျက်ရည်တောက်တောက် ကျရပါတော့မယ်…

27 comments:

မေလေး July 12, 2009 10:37 PM  

ထမင်းကို ငပိရည်နဲ့နယ်၊ ချဉ်ပေါင်ဟင်းရည်စမ်းပြီး ၀က်သား အစပ် နဲ့ ငါလာခွံပေးမယ်။
ငါးပတ်မွှေတော့ ငါလဲ ချက်တတ်ဘူး။

လင်းကြယ်ဖြူ July 12, 2009 10:46 PM  

တာမ္ဂေနားနီးတယ် ပြန်ရောက်ရင် ဒေါ်သန်းရီ ကို လိုက်ရှာဦးမယ်ခင်ဗျာ...အစုံသုတ်ကြိုက်လို့ပါ..ကြာဇံဟင်းခါးနဲ့ဆို
မိုက်မယ်နော်.....

စူးနွယ် July 12, 2009 10:53 PM  

နေခြည့်က အဒေါ်ကို ထမင်းခွံ့ခိုင်းမယ် ဆိုလို့ တို့ကို ထမင်းခွံ့ခဲ့တဲ့ အချစ်ဆုံး အဒေါ်ကို သတိရသွားတယ်။

ငှက်ကလေး July 12, 2009 10:56 PM  

ငါးပတ်မွှေဟင်းနဲ့ အာလူးကတလစ်ကြိုက်တယ် ရှလွတ်

Phyo Maw July 12, 2009 11:16 PM  

အစားအသောက်ဆို စားကောင်းတာအကုန် စားပါတယ်
စားတိုင်လည်း သတိရပါတယ် ဘာတွေသတိရမှန်းတော့မသိပါ။ :D

Anonymous July 12, 2009 11:26 PM  

ထမင်းသုပ်လေးစားဖူးချင်တယ်သိလား
ကောင်းလားဟင်သယ်ရင်းလေး

ခင်တဲ့
မြူးလေး

ကိုလူထွေး July 12, 2009 11:44 PM  

ထမင်းကို ငပိရည်နဲ့နယ်၊ ချဉ်ပေါင်ဟင်းရည်စမ်းပြီး ၀က်သား အစပ်နဲ့ ....

အိမ်မှာ ချက်ကျွေးဖို့ ပူစာဦးမှပဲ...

ရှလွတ်...းP

းဝ)

Phyo Evergreen July 13, 2009 1:22 AM  

အင်း အစားနဲ့ပတ်သတ်လာတော့လည်း.....။။

ဖိုးစိန် July 13, 2009 5:43 AM  

နေခြည်သတိရတယ် ဆိုတဲ့ဟင်းတွေ အကုန်စားချင်တယ်....


စကာင်္ပူလာရင် ချက်ကျွေးပါ... ဒါပဲ


စားမယ် ...ဝါးမယ်...

ခုတော့ စဉ်းစားပြီး သွားရည်ကျသွားတယ်


ချစ်ခင်စွာဖြင့်

ဖိုးစိန်

ရွက်လွင့်ခြင်း July 13, 2009 9:43 AM  

နေခြည်ပြောပြတော့ အဲဒီနားတစ်ဝိုက် ပြန်အောက်မေ့မိတယ်။
အဝိုင်းထိပ်မှာ ညနေဖက် ရောင်းတဲ့ ရွှေညောင်ပင် ကြက်ခြေထောက်သုပ်ရော မကြိုက်ဘူးလား

မေကဆုန် July 13, 2009 9:50 AM  

နေခြည်ရေ
ရေးပေးတာကျေးဇူးနော်.. အားလုံးလိုလို စားချင်သွားတယ်... :)
ဂလု ရှလွတ်
YKKO က ကြေးအိုးကော မလွမ်းဘူးလားဟင်...
ရန်ကုန်ပြန်ရင် မိသားစုကို တွေ့ဖို့က (ပ)ဦးစားပေး
အစားစုံအောင် စားခဲ့ဖို့က ဒု ဦးစားပေး နော်.. အဟိ မမေ့အောင်လို့

sweetpeony July 13, 2009 10:28 AM  

ခုလောလောဆယ်တော့
မန်းမြို့တော်က ပေါက်စီစားချင်နေတယ်
း(

မေဇင် July 13, 2009 1:50 PM  

နေခြည်...ရေ...စားမလား ...နာ ချက်ကျွေးမယ်..။ နင် မြန်မာပြည်ပြန်ရောက်လို့ ...စားနေရင် နာတို့ကို မမေ့နဲ့နော်...။း)..

ခင်တဲ့ မေဇင်

တလနွန် July 14, 2009 9:46 AM  

သူငယ်ချင်းစားတာ ငါလည်းစားချင်တယ်။ ထမင်းသုတ်
ပြောလို့  လှည်းတန်း ဦးမြကြိုင် (အင်္ဂလိပ်စာသင်တန်း)
နားက ဆိုင်ကို သတိရသွားတယ်။ မြန်မာပြည် အစားအသောက်က ဒီကနဲ့ အရမ်းကွာတယ်နော်။ အရသာလည်းရှိတယ်။ တန်လည်းတန်တယ် :)

ခင်မင်ခြင်းနှင့်
တလနွန်

သားကြီး July 14, 2009 12:30 PM  

ပြောမယ့်သာပြောရတာ
အစားအသောက်နာမည်တွေသိပ်မခေါ်တတ်ဘူး
စားဖို့လောက်ဘဲသိတယ် ဟဲဟဲ
ငါးတောင် ဘာငါး ဘာငါးသိပ်မခွဲတတ်ဘူးရယ်
ခုတော့လည်းရှောက်သီးသုပ်တခါလောက်စားချင်တယ် တဝတပြဲ မစားရတာကြာကြာပေါ့ကွယ်

မိုးကောင်းသူ July 14, 2009 2:19 PM  

ထမင်းကို ငပိရည်နဲ့နယ်၊ ချဉ်ပေါင်ဟင်းရည်စမ်းပြီး ၀က်သား အစပ်ချက်နဲ့ဆိုလို့ သွားရည်ကျမိတယ်လေ။ ဘာဟင်းနေနေ စားချင်ပါတယ်။

အချစ်မဲ့ဂစ်တာ July 14, 2009 8:25 PM  

ငါးပတ်မွှေတော့ ကြိုက်သဗျ.. တကယ် အရိုးမပါလို့လေ.... :P.. ပြောရင်းတောင် ဗိုက်ဆာလာသလိုလို... ဟိ..။

သီဟသစ် July 14, 2009 8:51 PM  

ဗိုက်ပိုဆာသွားပြီ
ဟင်းသွားချက်တော့မယ်

လွမ်းမိတယ် :)

ခင်မင်စွာဖြင့်
သီဟသစ်

မီးမီးချစ် July 14, 2009 10:47 PM  

မီးချစ် လဲ ငယ်ငယ် က စားတဲ့ ကြာဇံသုပ် ကို ခုပြန်စားချင်သေးတယ်.. အဲ့ အဒေါ်ကြီးက ခုမရောင်းတော့ဘူး.. စိတ်ညစ်ပ..

ko zay (s/korea) July 15, 2009 12:39 AM  

မြန်မာပြည်ကိုလွမ်းနေပါတယ်ဆိုမှ။စားကောင်းတာလေးတွေ
ရေးထားတော့ ပိုပြီးသတိရသွားယ်ဗျို့ ။ညီမကိုရန်ကုန်
ရောက်မှလိုက်ကျွေးခိုင်းအုံးမယ်နော်။သရေတောင်ကျတယ်။

နေဒေးသစ် July 16, 2009 1:20 PM  

အကြိုက်ဆုံး အစားအစာကိုပြောရမယ် ဆိုရင်တော့ အသုပ်စုံလို့ပဲ ပြောရတော့မယ် ထင်တယ် ...
လွမ်းမိတဲ့ ဆိုင်တွေ .. စားချင်တဲ့ လက်ရာတွေ တော်တော်များတယ် ... ဒါပေမယ့် ဆိုင်ရှင် နာမည်တွေနဲ့တော့ တွဲပြီး မမှတ်ထားမိဘူး ... အများဆုံး မှတ်ထားတာဆိုလို့ ဆိုင်ရှင်အဒေါ်ကြီးဝရင် .. ဒေါ်ဖက်တီး အသုပ်ဆိုင် ဆိုတာလောက်ပဲ မှတ်ထားလိုက်တယ် .. ပြန်ရင်တော့ သူတို့ရှိသေးရဲ့လား .. မြောက်ဥက္ကလာများ ပြောင်းသွားပြီလား .. ဒေါ်သန်းရီနဲ့များ အမျိုးတော်နေမလား စုံစမ်းကြည့်ရမယ် .. :D

နေဒေးသစ်။

ပုလုကွေး July 16, 2009 8:58 PM  

အခုတော့ အစားမက်တာ သိသွားပီ။ ဟိုတနေ့က Clementi ဆိုင်မှာ ထမင်းလဲစားတယ် အုန်းနို့ခေါက်ဆွဲပါ ထပ်စားတယ် လို့ သယ်ရင်းက ပြောတယ် ။ ကျတော်ကတော့ မတွေ့ဘူး ။ သူပြောလို့သိတာ။ ထမင်းနဲ့ ငပိသုပ် စားချင်သွားပီ

choco thazin July 19, 2009 11:02 PM  

တိုက်ဆိုင်လိုက်တာများကွာ...
အားလုံးတူတယ်ဟေ့
မူကြို ၅ ကပဲကွ။ ငါးပတ်မွှေနဲ့ ထမင်းနယ်ထားတာရယ်၊ ကြာဇံကြော်ရယ်၊ သံပုရာရည်နဲ့ ဖီးကြမ်းငှက်ပျောသီးရယ် မူကြိုမှာ နေ့ တိုင်းကျွေးတယ်နော်။ ဒါနဲ့ တူတူများဖြစ်နေမလားပဲ။ တို့ ကမူကြိုမှာ ညိုမြသီချင်းနဲ့ သင်္ကြန်အက ကခဲ့သေးတယ်။(ငယ်ငယ်ကတည်းက ဇ နဲ့ နော်) ပါသေးလား။ ထမင်းကို ငပိရည်နဲ့နယ်၊ ချဉ်ပေါင်ဟင်းရည်စမ်းပြီး ၀က်သား အစပ်နဲ့ တဲ့ ဒါလည်းတူပြန်ရော အမေနယ်ကျွေးနေကြလေး။ နောက် ကျောက်မြောင်းမှာနေတာလေ ရာပြည့်ဈေးရောက်ရင် ဝက်ခြေထောက်စွပ်ပြုပ်နဲ့ ဝက်ခေါင်းသုပ်ဝယ်ခဲ့ဟေ့။
နောက်တူတာက UCSY (12th batch) ကျောင်းတော်သားတွေလေ။ နွေးနေခြည်က ဘယ်နှစ်ဆင်းတာလဲ။

ဝသန်မိုး July 20, 2009 8:30 PM  

ရေးထားတဲ့ဟင်းတွေ အကုန်စားချင်တယ်
စင်္ကာပူ လာရင်ချက်ကျွေးနော်
သယ်ရင်း
ခင်တဲ့
ဝသန်မိုး

မြစ်ကျိုးအင်း July 21, 2009 2:34 AM  

ငါးပတ်မွှေကလွဲရင် ကျန်တာတွေကြိုက်တယ်

အရင်နေ့တွေကမအားလို့ဒီနေ့မှစာလာဖတ်ဖြစ်တယ်
စာဖတ်တာညသန်ခေါင်ဖြစ်နေလို့ အသုပ်စားချင်စိတ်
ကို ကြိတ်မှိတ်သွားရတယ်...။
မနက်ဖြန်တော့ ရှောက်ရွက်အုပ်ထားတဲ့ တို့ဟူးသုပ်
ဝယ်စားရတော့မယ်....။

ကောင်းကင်ပြာ July 23, 2009 12:18 PM  

အမလဲ အသုတ်ကြိုက်တယ်ကွ၊
တာမွေနားမှာ တွေ့တွေ့ နေတဲ့ အရပ်ရှည်ရှည် ချောချော ကောင်မလေး က နေခြည်ကိုးးး

ATM.asl August 2, 2009 2:31 AM  

ဟုတ်တယ် အမှန်ဆုံးပဲ အခု မှ အစားမက်နေတား(

  © Blogger templates 'Sunshine' by Ourblogtemplates.com 2008

Back to TOP