Monday, July 27, 2009

အာလူးကြော်

စနေနေ့က အာလူးကြော်လေး (အာလူးကသလစ်) လုပ်စားဖြစ်တယ်။ အမတယောက်ကို လုပ်ကျွေးမယ်လို့ကတိပေးပြီးသားဖြစ်နေလို့ သူပြန်ခါနီးလေး ကတိတည်အောင် ကြိုးစားလိုက်တာပါ။
လုပ်နည်းကတော့ ပထမဆုံးအာလူးကို ပြုတ်ပြီး ထောင်းပါတယ်။ မထောင်းပဲချေချင်လည်း ရပါတယ်။ ပြီးရင် ကြက်သွန်နီလှီးထားတာလေးတွေထည့်၊ မဆလာ၊ ဆား၊ အချိုမှုန့် လေးထည့်ပြီး ရောနယ်လိုက်ရင် ခုလိုဖြစ်သွားပါတယ်။



ပြီးရင် နယ်ပြီးသားအာလူးလေးတွေကို အနေတော်လေးတွေ ပြားလိုက်ပါတယ်။ အာလူးက လက်မှာ ကတ်တတ်လို့ ရေလေးစွတ်စွတ်ပြီး ပြားပေးရင် အဆင်ပြေပါတယ်။ ဒါကတော့ ပြားထားတဲ့ အာလူးလေးတွေပါ။



ပုံမှန်ဆိုရင် မုန့်နှစ်လေးနဲ့ ကြော်ရင်ပိုကောင်းပါတယ်။ ဒါပေမယ့် မုန့်နှစ်မရှိလို့ အကြော်မုန့်လေးကို ဖျော်ပြီးတော့ပဲ ကြော်လိုက်ပါတယ်။ ဒါကတော့ အကြော်မုန့်ကို ရေနဲ့ ခပ်ပျစ်ပျစ်လေး ဖျော်ထားတာပါ။


ဒါကတော့ ကြော်ပြီးသား အားလူးကြော်လေးတွေကိုဒီတိုင်းစားရင် အီနေမှာစိုးလို့ အချဉ်ရည်လေးပါ။ အချဉ်လု
ပ်နည်းကတော့ ဒီမှာ တခါရေးထားဖူးလို့ ထပ်မတင်တော့ပါဘူးနော်…



အာလူးကြော်ကို အချဉ်လေးနဲ့ သုံးဆောင်သွားပါဦးနော်း)

30 comments:

မေလေး July 27, 2009 10:13 PM  

ဟွန်းးးးးးးးးးး
ပုံဘဲကြည့်ရတယ်။
တကယ်တော့ မခေါ်ဘဲနဲ့။
မကျေနပ်ဘူးးးးးးးးးးးးးးး

မေဇင် July 27, 2009 10:27 PM  

ဟယ် စားချင်စရာလေးတော်.... နွေးရေ.... ငါလုပ်စားမယ်...ငါလုပ်တတ်တယ်..နင် ပြောသလိုဆိုရင်...ဟိဟိ လုပ်စားမယ်ပြောတာတွေ များနေပြီ.... အကုန်လိုက်ပြီး ငတ်ကြီးကြနေတာ...။

ရွက်လွင့်ခြင်း July 27, 2009 10:29 PM  

ဟေး ညီမ
အာလူးကက်ကတစ် ကြော်တက်တယ်ဆိုတော့ အရမ်းလေးစားသွားတယ်
အဲဒါ ကိုယ်ရဲ့ ဖေးဖရိက် အစားအစာပဲ
နောက်ကြုံရင် ကြော်ခိုင်းရမယ်

Phyo Maw July 27, 2009 10:31 PM  

ပုံများဖြင့် နှိပ်စက်တတ်သော ဘလော့ဂါများဆိုပြီး
စားစရာပုံတင်သမျှ ဘလော့ဂါတွေစာရင်း ချရေးပလိုက်ချင်မိဘီ...........။

choco thazin July 27, 2009 10:41 PM  

စားကောင်းမယ့်ပုံပဲဟေ့။ အဝစားသွားတယ်နော်။

လူရိုင်းလေး July 27, 2009 10:54 PM  

နောက်ပိုင်း အစားအသောက်တင်ခြင်းကို ကန့်ကွက်ရမလိုတောင် ဖြစ်နေပြီ မဟုတ်ရင် keyboard လဲ သရေတွေစိုပြီး ပျက်တော့မယ် :P

ဝသန်မိုး July 27, 2009 10:59 PM  

သယ်ရင်း က လုပ်တတ်တယ်နော် (ဖားထားတာ)
စလုံးရောက်ရင်
လုပ်ကျွေးသိလား
ဟဲဟဲ
ခင်တဲ့သယ်ရင်း
ဝသန်မိုး

kaungkinpyar July 27, 2009 11:17 PM  

ဟင်းးးးးးအာလူးကြိုက်သူကို ဒီလိုတွေ လုပ်နေတော့မှာလားးးးးလို့

လင်းကြယ်ဖြူ July 27, 2009 11:18 PM  

အာလူးကြော်ကောင်းတယ်ဗျိုးးး

သီဟသစ် July 28, 2009 12:01 AM  

ဟွန်း ကြင်သာကြင်မမြင်ရတဲ့ဘ၀ အဲဟုတ်ပေါင်လေ ပြောင်းပြန်

:D

ခင်မင်စွာဖြင့်
သီဟသစ်

မေလေးနဲ့ မမပြာပြာကိုထောက်ခံ၏

ဖိုးစိန် July 28, 2009 12:10 AM  

အားလူးကိုအဲလိုကြော်ရင်ကြိုက်တယ်


လာရင်လုပ်ကျွေးပါ

ခုတည်းကစရံယူထားတယ်


ချစ်ခင်စွာဖြင့်

ဖိုးစိန်

Phyo Evergreen July 28, 2009 12:14 AM  

အာလူးကြော် ကြိုက်စ်... စားချင်တယ်..စားချင်တယ်..။

Mogok Thar July 28, 2009 12:17 AM  

အာာလူးကတ်တလစ်ကြော်.. မြင်သာမြင်မကြင်ရပါလားနော်။
အိပ်ခါနီးမှ အနံ့ရလို့ လာတာ၊ ခုတော့ ညှော်ခံ ပြန်ရဘီ။
ဗိုက်ဆာဆာနဲ့.. အဲလေ စိတ်နာနာနဲ့ အိပ်ပြီဗျာ။

ကိုလူထွေး July 28, 2009 12:50 AM  

အာလူးကသလစ်ကို အာလူးမပါဘဲ ကျော်တဲ့နည်းလေးသိရင် ပြောပြစမ်းပါ...

လိုက်လုပ်ကြည့်ချင်လို့...

းဝ)

မီယာ July 28, 2009 3:14 AM  

စားချင်စရာ... ငယ်ငယ်တုန်းက စမ်းချောင်း၂ရှေ့မှာ ရောင်းတဲ့ အာလူး အလုံးကြော်လေးတွေကို သတိရတယ်

avocado July 28, 2009 7:59 AM  

အော် မနွေးရေ တော်လိုက်တာ စားချင်စရာ အရင်ကတော့အိမ်ကလူတွေလုပ်ကျွေးနေကျ ခုတော့ကိုယ်တစ်ယောက်ထဲဆိုတော့မလုပ်စားဖြစ်တာကြာပေါ့
နောက်လုပ်စားဖြစ်ခဲ့ရင် စားချင်တဲ့သူအားလုံးကိုဖိတ်ပါ့မယ်

ဂျပန်ကောင်လေး July 28, 2009 9:17 AM  

အာလူးကြော်လာစားတယ်ဗျို့..... နည်းနည်းကျွေး

မိုးကောင်းသူ July 28, 2009 10:30 AM  

အာလူးဆိုဘယ်လိုလုပ်လုပ်ကြိုက်တယ်။ အချဉ်ရည်နဲ့ တို့စားသွားတယ်။

တလနွန် July 28, 2009 10:37 AM  

ဟာ ရှယ်ပဲ ရှယ်ပဲ
အားလူးကြော်လေးက စားချင်စရာကြီး :) အင်းလျားကန်နားက အကြော်ဆိုင်လေးလည်း လွမ်းပါ့ စိတ်နာနာ ဗိုက်ဆာဆာနဲ့ ပြန်သွားပြီး...:)

မေတ္တာရောင်ပြန် July 28, 2009 11:05 AM  

အတော်ပဲ မရောင်က သတ်သတ်လွပ်ဆိုတော့ အားရပါးရ စားသွားတယ်နော်။ ကျေးဇူးပါ ညီမရေ

ခင်တဲ့မရောင်

TnT July 28, 2009 1:18 PM  

ar lu lone kyaw lay ka kaung mal. pon pal naw..

မေကဆုန် July 28, 2009 7:01 PM  

ဂလု ဂလု
သွားရည်ယိုသွားပါတယ်ကွယ်

မြစ်ကျိုးအင်း July 28, 2009 10:31 PM  

အာလူးကတ်သလိတ် ဘယ်နှစ်လုံးကျန်သေးလဲ
ကျွန်တော်ငယ်သူငယ်ချင်းက အဲဒါတော်တော်ကြိုက် တာဗျ သူ့အိမ်သွားတိုင်း အားလူးကသလိတ်ကြော်တာ
များတယ်...။အဲဒါနဲ့ကျွန်တော်လည်း ကြိုက်သွားတာပဲ...။

ငှက်ကလေး July 29, 2009 12:28 AM  

ဟယ် ရှလွတ် ဒီက အားလူး ဆိုရင် ဘယ်လိုလုပ်လုပ် အရမ်းကြိုက်တာ အဟီးးး ဒါကြောင့်လဲ ဝ နေတာ အဟက် စားသွားတယ် ဒါပဲ နော် ဝ လာရင် မမနွေးတာဝန်ပဲ ဟွန်းးးး

စည်သူ July 29, 2009 2:22 PM  

ဟိုဟောဟိုမှာ တွေ့ပြန်ပြီးတစ်အိမ်

ခင်ခင်မခင်ခင်
ခေါ်ခေါ်မခေါ်ခေါ်ဗျာ
ရောက်လာမှတော့
ရှလွတ်... ရှလွတ်...
အင်း... စားလို့ကလည်းကောင်းတော့

စားလိုက်အုံးမယ်ဗျာ..
နောက်မှပြောတော့မယ်
ခနလေးနော် ခနလေး...။

အင်ကိစ္စလေးရှိလို့ ပြန်လိုက်အုံးမယ်နော်.. တာ့တာ..။

ကိုဂျပန်ဆီကနေမှတဆင့် ရောက်လာပါတယ်

ခင်မင်စွာဖြင့်
...............စည်သူ။

စည်သူ July 29, 2009 2:22 PM  

ဟိုဟောဟိုမှာ တွေ့ပြန်ပြီးတစ်အိမ်

ခင်ခင်မခင်ခင်
ခေါ်ခေါ်မခေါ်ခေါ်ဗျာ
ရောက်လာမှတော့
ရှလွတ်... ရှလွတ်...
အင်း... စားလို့ကလည်းကောင်းတော့

စားလိုက်အုံးမယ်ဗျာ..
နောက်မှပြောတော့မယ်
ခနလေးနော် ခနလေး...။

အင်ကိစ္စလေးရှိလို့ ပြန်လိုက်အုံးမယ်နော်.. တာ့တာ..။

ကိုဂျပန်ဆီကနေမှတဆင့် ရောက်လာပါတယ်

ခင်မင်စွာဖြင့်
...............စည်သူ။

မင်းအိမ်ဖြူ July 29, 2009 4:51 PM  

ဂွတ်ရှယ်ဗျိုးးးးးးးးးးးး

puluque July 29, 2009 9:58 PM  

အင် ဒီအိမ်ရောက်ရင် စားစရာတွေနဲ့ပဲ တွေ့နေရပါလား..ကျတော်လဲ ကြော်စားမလို့ ကြံရွယ်နေတာ..အပျင်းကြီးနေတာနဲ့ပဲ

chanye` July 31, 2009 12:30 PM  

ငဖယ်ကြော်ကြီးစားချင်စရာ.. :(

ဧရာဝတီသား August 2, 2009 4:20 AM  

လာပြီး သရေယိုသွားတယ်၊ ရှေ့မှာ ၂၉ ယောက် တောင်ဆိုတော့ ကုန်ရောပေါ့နော်။ နောက်တခါ ပိုစ့်တင်တာနဲ့ လာပြီး ငတ်ကြီးကျ ရအောင် link ပဲ ယူသွား လိုက်တယ်။
ခင်မင်လျက်

  © Blogger templates 'Sunshine' by Ourblogtemplates.com 2008

Back to TOP