Sunday, August 16, 2009

မွေးနေ့အလှူ


ဒီနှစ် သြဂတ်လ ၁၇ ရက်နေ့ဆိုရင်
ကျမ အသက် ၂၄နှစ် ပြည့်သွားပါပြီ။ မွေးနေ့မှာ အလှူလုပ်ချင်တာရယ်၊ အဖေနဲ့ အမေကို ပြန်ကန်တော့ချင်တာရယ်ကြောင့် ပြီးခဲ့တဲ့ အပတ်က ရန်ကုန်ပြန်သွားခဲ့တာပါ။ မွေးနေ့အတွက် ရည်စူးပြီး အလှူလုပ်ခဲ့တာပါ။ သြဂတ်လ ၁၀ရက်နေ့မှာ လုပ်ခဲ့တော့ မွေးနေ့တည့်တည့်မှာတော့ မဟုတ်ဘူးပေါ့။ ဒီနေ့မှ ရန်ကုန်က ပြန်ရောက်တာမို့ အိမ်ကို လွမ်းပြီး အရမ်းငိုချင်နေလို့ စာရှည်ရှည်မရေးနိုင်တော့ပါဘူး။


မဟာဝိသုဒ္ဓါရုံကျောင်းမှာ နေ့ဆွမ်းကပ်ခဲ့ပါတယ်။


ဒီဟင်းတွေအာလုံး ကျမ ကပ်တာမဟုတ်ပါဘူး။ တခြားက လာပို့ထားတဲ့ ဆွမ်းဟင်းတွေလည်း ပါပါတယ်။း)



တာဝန်ကျ ကိုရင်လေးတွေက ဆွမ်းပွဲကို ပြင်ရတယ်။

ပြင်ပြီးသားဆွမ်းပွဲပါ။




သံဃာတွေအားလုံး သိမ်ထဲကနေ ဆွမ်းစားဆောင်ကို ကြွနေတာပါ။







ဆွမ်းဘုန်းပေးနေတဲ့ သံဃာများ


ဒါကတော့ သူငယ်ချင်းတွေအတွက် ပါဆယ်ဆွဲလာတာပါ။ အားမနာပဲ သုံးဆောင်သွားပါနော်း)
ငါးဖယ်ဆီပြန်


ခ၀ဲသီးကြော်


သီးစုံချဉ်ရည်၊ ဘေးက ငံပြာရည်ချက်နဲ့ သရက်ကင်းရွက် တို့စရာ (ဓာတ်ပုံရိုက်ဖို့မေ့လာလို့ တ၀က်ပဲပါလာတယ်)



ကြက်သားအာလူး



ဆီးဖြူသီးထောင်း



ထူး ရေခဲမုန့် (ထူးရေခဲမုန့်ကြိုက်လို့ ကိုယ်ကြိုက်တာ ကိုယ်ရွေးပြီးကပ်ခဲ့တာပါ)



ဆန်မုန့် (တခြားဘယ်လိုခေါ်လဲတော့ သေချာမသိပါ)



ဒီမုန့် နာမည်ကို အမြဲမေ့တယ်။ ကွေ့တာလန်တဲ့ (လောရှည်ပြောသွားတာ) ဒါလည်းကိုယ်ကြိုက်လို့ ကိုယ်ဘာသာရွေးလိုက်တဲ့ အချိုပွဲပါ။



ပြီးတော့ ရွှေတိဂုံဘုရားဖူးခဲ့တယ်။



စနေထောင့်ကနေ ဘုရားဝတ်ပြုခဲ့ပါတယ်။


ကျမရဲ့ ၂၄နှစ်ပြည့် မွေးနေ့ အမှတ်တရလေးပါ။ သာဓုခေါ်ရင်း မွေးနေ့ ဆုတောင်းလေးတွေ ပေးကြမယ့် သူငယ်ချင်း၊ စာဖတ်သူ မောင်နှမများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ရှင်။

မွေးနေ့မှာ ၀န်ခံစရာတခုရှိပါတယ်။ ကျမမှာ အမြွှာအကို တယောက်ရှိပါတယ်။ သူကတော့..... အားလုံးခင်တဲ့ ဘလော့ဂါကြီး ကိုသီဟသစ် ပဲဖြစ်ပါတယ်။ ကျမနဲ့ အဖေမတူ အမေကွဲ ခြောက်နှစ်ကြီး ခြောက်နှစ်ငယ် အမြွှာအကိုပါ။း) ကျမဘ၀မှာ ပထမဆုံး မွေးနေ့တူသူအဖြစ် ကိုသီဟသစ်ကို စပြီး တွေ့ဖူးတာပါ။ ကိုသီဟသစ်လည်း ချစ်ရတဲ့ ဇနီး၊ သားနဲ့ အမြန်ဆုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် အမြွှာအကိုရေ...

44 comments:

FFOX August 16, 2009 11:28 PM  

Happy Birthday Chit!!
သာဓု သာဓု သာဓု...

FFOX August 16, 2009 11:32 PM  

Happy Birthday Chit!!!! May all are dreams and wishes comes true. Wish you have a healthy happy life.

(အစကတော့ ၁၂ နာရီမှပေးမလို့ပါပဲ.. မအိပ်ပဲစောင့်နေမှာစိုးလို့ အခုပေးလိုက်ပြီနော်...အိပ်တော့.. ခရီးပန်းလာရောပေါ့)

FFOX August 16, 2009 11:33 PM  

နောက်ဆက်တွဲစာသားတွေကိုတော့ နောက်နေ့မှပဲဖတ်တော့နော်...

FFOX August 17, 2009 12:04 AM  

Have a wish! And I wish that your wish can and will come true.
Although you're far away from home, you have me and your friends to share your all your feelings.
People who you know (including me) are always there for you when you need us.
Perhaps we will delay in response, but we will definitely be there for you.
Year after year, wish you always look young and gorgeous forever.

Beside your dreams, I wish you have a happy life that you always want to have.
I wish and sing for you on this day.
Ring the bells and sing the chorus, even heavenly angels got together and sing for you too!!
The name of this song and the lyrics is familiar with all of us.
Happy forever, Lively forever and Smile you have been tag!! :P
Do the way you always do and let the world recognize you as who you are.
Anger? Forget it. Greedy? Ignore it. Stingy? Leave it behind. Jealous? I know you don't have it. :)
Yes, you can live the way you want. Who cares!!! Your life is your own.

Come join the fun and enjoy with the rhyme.
Happy Birthday to you and wish you're hopes, dreams and wishes come true.
I wish you a happy birthday, we wish you a happy birthday!!
The happy birthday to you...

Happy Birthday Chit!!!
With all my love to you and
Wish all your dreams and wishes come true....
Love you..
From Ko.

မသိလိုက်မှာစိုးလို့ ဒီ Comment မှာ ဆုတောင်း ထပ်ပေးထားတယ်နော် :)

FFOX August 17, 2009 12:10 AM  

သြော်မေ့လို့.. Birthday Present က :-*

(remark: to all bloggers friends.. this is A Permit Present only allow me to give her :P. Thanks for your understanding.)

သီဟသစ် August 17, 2009 1:19 AM  

အမြွာညီမလေးနေခြည်ရေ

ဘ၀မှာအောင်မြင်ပျော်ရွှင်ပါစေကွယ် စိတ်ချမ်းသာပြီး ကြည်နူးစရာကောင်းတဲ့ မိသားစုဘ၀လေးကိုလည်း ပိုင်ဆိုင်နိုင်ပါစေ

ခင်မင်စွာဖြင့်
သီဟသစ်

ZT August 17, 2009 4:50 AM  

ပျော်စရာ ကောင်းတဲ့ မွေးနေ့ ဖြစ်ပါစေ။ နောင်နှစ်ပေါင်းများစွာ ပျော်စရာ ဘဝခရီးလမ်းကို လျှောက်လမ်း နိုင်ပါစေ။

P.S. နှစ်တိုင်းနှစ်တိုင်း :-* တွေလည်း ပေးနေကျသူ ဆီက ပုံမှန်ရပါစေ။ အဟဲ။ :D

ငှက်ကလေး August 17, 2009 5:47 AM  

မွေးနေ့ မှာပျော်ရွှင်ပါစေ မနွေးရေ နော်

reenoemann August 17, 2009 6:16 AM  

အမြွာညီမလေးနွေးနေခြည်

ပျော်ရွှင်စရာမွေးနေ့လေး အဖြစ်တည်ရှိပါစေဗျာ

ခင်တဲ့
ကိုရီနို

ဧရာဝတီသား August 17, 2009 6:29 AM  

ပျော်ရွှင်ဖွယ်မွေးနေ့လေး ဖြစ်ပါစေ နေခြည်ရေ။ ပျော်ရွှင်ဖွယ် မနက်ဖန်များစွာလည်း ရရှိပိုင်ဆိုင်နိုင်ပါစေ။
မွေးနေ့မှာ ကုသိုလ်ကောင်းမှုတွေလည်း အများကြီးပြုနိုင်ပါစေ။ ပြုပြီးတဲ့ ကုသိုလ်ကောင်းမှုတွေ အတွက်လည်း ၀မ်းမြောက်စွာ သာဓုခေါ်သွားပါတယ်။
ခင်မင်စွာဖြင့်

မေလေး(ဆုံနိုင်ခွင့်) August 17, 2009 8:19 AM  

ချစ်သူငယ်ချင်းလေး နေခြည်

ပျော်ရွှင်ဖွယ်မွေးနေ့လေး ဖြစ်ပါစေ။
ဒီနှစ်မွေးနေ့မှ နောင်မွေးနေ့ပေါင်းများစွာကို ချစ်သော ကို နဲ့ အတူပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ။
မိဘကို လုပ်ကျွေးပြုစုနိုင်သော သမီးမြတ်ရတနာလေး ဖြစ်ပါစေ။
စိတ်ချမ်းသာလို့ ကိုယ်ကျမ်းမာပါစေ။
လိုသောဆု တောင့်သောဆုများလဲ တစ်လုံးတစ်ဝနဲ့ ပြည့်စုံနိုင်ပါစေ။

အလှူအတွက်လဲ သာဓုခေါ်သွားပါတယ် သူငယ်ချင်းလေး။

အာပွားးးးးးး(၂၂ရက်နေ့မှဘဲ ဘတ်ဒေးကစ် ပေးတော့မယ်နော် ခုတော့ အာပွားးဘဲပေးခဲ့တယ်)

ပျော်ရွှင်ပါစေ
သူငယ်ချင်း
(အိမ်ကပြန်လာတိုင်း ခံစားရတဲ့ ခံစားချက်ကိုနားလည်နိုင်ပါတယ် သူငယ်ချင်းရယ်။
ဘာဘဲဖြစ်ဖြစ် အားမငယ်နဲ့နော်။
နင်နားမှာ နင့်ကို ဂရုတစိုက်နဲ့ အရိပ်တကြည့်ကြည့် ချစ်တတ်တဲ့ ချစ်သူရှိတယ်။
နင့်ကိုချစ်တဲ့ ငါလဲရှိတယ်။ တခြား ဘလော့ကာသူငယ်ချင်းတွေလဲ ရှိတယ်။ အားမငယ်ရဘူးနော်။ မိဘကိုလုပ်ကျွေးချင်လို့ အလုပ်လာလုပ်နေတာလို့ စိတ်ထဲတွေးနေနော်။ တနေ့နေ့တော့ တို့နေချင်တဲ့ ဘဝမျိုးနေရတော့မှာပါ။ သိပ်မဝေးတော့ပါဘူး သူငယ်ချင်းလေး)

ကြည်ဖြူပိုင် August 17, 2009 8:32 AM  

ဟတ်ပီးဘတ်ဒေးပါ နေခြည်..နေခြည့်အမွှာအကိုဆီက မွေးနေ့သိလို့လာခဲ့ပါတယ်....
ပျော်ရွှင်ပါစေ..
မွေးနေ့အလှူအတွက်လဲသာဓုခေါ်သွားပါတယ်

စန္ဒကူးမေ August 17, 2009 8:39 AM  

နွေးရေ... မွေးနေ့အလှူလေးတွေ့ရလို့... အတူဝမ်းသာ မိပါတယ်..
မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ သာယာ အောင်မြင်တဲ့ဘ၀ ဆက်လျှောက်လှမ်းနိုင်ပါစေ...နော်

TnT August 17, 2009 8:49 AM  

Happy before and after Birthday!

မိုးကောင်းသူ August 17, 2009 8:58 AM  

ံHappy Birthday!!!!!!!!!!!!!!

sonata-cantata August 17, 2009 9:01 AM  

နေခြည်ရေ

ံHappy Birthday

အမြွာမောင်လေးတယောက်ရှိသေးတယ်
ဒီနေ့ ၁၁နှစ်ပြည့်တဲ့ အမသားကြီး

(မွေးနေ့ဆုတောင်းပေးရင်းနဲ့ သဟသမေမေနဲ့ နေခြည့်မေမေကိုလည်း လှမ်းနှုတ်ဆက်လိုက်တယ်နော့)

တလနွန် August 17, 2009 9:02 AM  

သူငယ်ချင်း
ပျော်ရွင်သောမွေးနေ့ မှသည် နောင်နှစ်ပေါင်းများစွာ မိဘ ညီအစ်ကိုမောင်နှမ ချစ်သောသူ တို့ နှင့်အတူ သာယာအောင်မြင်တဲ့ခရီး လျှောက်လှမ်းနိုင်ပါစေဗျာ။

ခင်မင်ခြင်းနှင့်
တလနွန်

ပုလုကွေး August 17, 2009 9:12 AM  

မွေးနေ့မှာပျော်ရွှင်ပါစေဗျာာာာာာာာ.
မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ချစ်သောသူများနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ

မေဇင် August 17, 2009 9:20 AM  

နွေးလေး ငါ နောက်ကျသွားတယ်...ခု မှ ၀င်ဖြစ်လို့...... မွေးနေ့အတွက် ကိုယ်တိုင်ကိုယ်ကျ မိသားစုနဲ့အတူ အလှုလုပ်ခွင့်ရလို့ နွေးအစား ၀မ်းသာပီတိ ဖြစ်ရပါတယ်... သာဓု သာဓု သာဓု ပါနော်...။ နွေးရေ... မွေးနေ့မှ စ နွေးဘ၀ မှာ လိုချင်တာ အားလုံး ရနိုင်ပါစေ.... မရတာတွေကိုလဲ လိုချင်တဲ့ဆန္ဒမပေါ်ပါစေနဲ့ .... စိတ်သွားတိုင်းကိုယ်ပါ... ကျန်းမာ ချမ်းသာ...ပြီး ချစ်သောသူများနဲ့ အတူတကွ ပျော်ရွှင်ပါနေရပါစေနော်..။

မေဇင် August 17, 2009 9:23 AM  

ဟင့်....နွေး...FFOX က သူတစ်ယောက်ထဲ ပေးမယ်တဲ့....ရဘူး လို့ပြောလိုက်..။း)

မေလေး August 17, 2009 9:45 AM  

အေး ဟုတ်တယ် နောင်လိုဘဲ နာ့လဲ ပေးချင်တယ်
ပေးမှာဘဲ ရဘူးအေ့ လာမတားနဲ့

Law Shay August 17, 2009 12:43 PM  

အဲဒီ မုန့်စိမ်းစိမ်းလေးကို ကွေတာလန်း လို့ခေါ်တယ်။ ကွေဆိုတာက မုန့်ဆိုတော့ တာလန်း မုန့်ပေါ့။

စင်ကာပူမှာလဲ ၀ယ်လို့ရတယ်။ ကွေ့တာလန်၊ ကွေးတလန် စသဖြင့် အမျိုးမျိုး ခေါ်ကြတယ်။.

sweetpeony August 17, 2009 1:10 PM  

အော် နေခြည်လဲသြဂုတ်ဖွားကိုး...
း)
မွေးနေ့မှာ ပျော်ပါစေနေခြည်ရေ...
လှူတာကို အားကျတယ်..
သာဓု သာဓု သာဓုပါနော်...။
း)

sweetpeony August 17, 2009 1:11 PM  

အသက်ထက်ဆုံး :-* လေးတွေတိုးတိုးပြီးရပါစေ
း)

စူးနွယ် August 17, 2009 2:25 PM  

Happy birthday နေခြည်!!!!

choco thazin August 17, 2009 3:03 PM  

ပျော်ရွှင်စရာမွေးနေ့ ပေါင်းများစွာကို ဖြတ်သန်းနိုင်ပါစေ။ အဲဒီမွေးနေ့ တွေလိုပဲ တစ်နှစ်ပတ်လုံးမှာရှိတဲ့ နေ့ တွေတိုင်း ပျော်ပါစေ။

စည်သူ August 17, 2009 3:05 PM  

ညီမရေ...

ထာဝရ ပျော်ရွှင်ချမ်းမြေ့ပါစေ လို့ ဆုမွန်ကောင်းတောင်း လိုက်ပါတယ်..

မွေးနေ့မှာ အလှူကြီးပေးတဲ့အတွက် သာဓုခေါ်ပါတယ်..

ညီကိုမောင်နှမတွေကို သတိရလို့လည်း ကျေးဇူးတင်ပါတယ်..

ပြီးတော့ ပြောအုံးမယ်..
မကျေနပ်ချက်ကလေးပေါ့..

အကိုအမွှာရှိတယ်ပြောလို့ ရှာကြည့်တာ
တွေ့သွားပါတယ်.. ကိုသီဟသစ်တဲ့..

ဆက်လိုက်တယ်..
အဖေမတူ.. အမေကွဲတဲ့..
ကြောင်သွားတယ်.. လည်သွားတယ်..
ပြောတော့ အမွှာအကို..
ပြီးတော့ အဖေမတူ အမေကွဲ တဲ့..

ကိုပဲဖတ်တာမှားသလား
သူပဲရေးတာမှားသလား

နှစ်ခါသုံးခါပြန်ဖတ်တယ်..
တော်တော်ဆိုးတာပဲ...

တူလည်း လူဂျိုးပဲ..
တွား.... ထော်တော့ဘူး....

ပျော်ရွှင်ခြင်းများစွာနဲ့
စည်သူ။

WWKM August 17, 2009 3:14 PM  

ညီမလေးရေ..
မွေးနေ့အကြိုအလှူလုပ်ခဲ့တာပေါ့..ပျော်စရာကြီး။
ညီမလေးလှူတာကိုကြည့်ပြီး မမလည်း အလှူလုပ်ချင်
စိတ်ပေါက်သွားပြီ။
မွေးနေ့မှာပျော်ရွှင်ပါစေ ညီမလေးရေ။

မမ၀ါ

လင်းကြယ်ဖြူ August 17, 2009 5:20 PM  

***H*A*P*P*Y***B*I*R*T*H*D*A*Y***
ပျော်စရာမွေးနေ့လေးအပါအ၀င် ဘ၀တစ်လျှောက်လုံး
ပျော်စရာတွေနဲ့ ထုံလွှမ်းသော စိတ်အစဉ်ကို အမျှင်မပြတ်
ရရှိခံစားနိုင်ပါစေလို့...
နောက်ပြီး...အလှူ အတွက် သာဓုခေါ်ပါတယ်ခင်ဗျာ..

ပျော်ပါစေ

Mogok Thar August 17, 2009 5:41 PM  

Happy Birthday Nwe Nay Chi...
မွေးနေ့မှသည် ဘ၀ဆုံးတိုင် ကောင်းသော လိုအင်ဆန္ဒများ တလုံးတ၀ တည်း ပြည့်စုံပါစေ။
ပျော်ရွှင်ငြိမ်းချမ်းစွာ ဘ၀ကို အစဉ် ဖြတ်သန်းနိုင်ပါစေ။

အက်ဖ်ဖောက်က်စ် ဆီကလဲ ချစ်ခြင်းအတိ ထုံမွှန်းသော မွေးနေ့ဆုမွန် အနမ်းများ လှိုင်လှိုင် ထာဝရ ရပါစေ။

မွေးနေ့ အလှူအတွက်သာဓုသုံးကြိမ်ခေါ်ပါတယ်ဗျား။

သာဓု၊ သာဓု၊ သာဓု.......။

မေတ္တာဖြင့်

မိုးကုတ်သား

yangonthar August 17, 2009 7:48 PM  

မနွေးရေ အသိနောက်ကျလို့ ခွင့်လွှတ်ပါ
ပြုသမျှ ဒါန အတွက် သာဓုခေါ်ပါတယ် မွန်မြတ်တဲ့ စေတနာအတွက် ဝမ်းမြောက်မိပါ တယ် မွေးနေ့ တိုင်း ဒါနအများပြုစေနိုင်လျှက် လိုရာဆုတိုင်း ပြည့်ပါစေ အထူးအားဖြင့် မချစ် မနှစ်သက်သော သူများနှင့် ပေါင်းဖော်ဆက် ဆံရသော ဒုက္ခမှ ကင်းဝေး၍ ချစ်သောသူများ နှင့် သာ ပျော်ရွှင်ခြင်းများကို ပိုင်ဆိုင်ခွင့်ရပါစေ မနွေးရေ ................. မွေးနေ့ အနှစ်တစ်ရာ တိုင်ပါစေ ..... ခင်မင်လျှက် :D
(ရန်ကုန်သား)
PS - ဇီးဖြူသီးထောင်း စားချင်တယ် :P

Phyo Evergreen August 17, 2009 8:23 PM  

မနွေးရေ မွေးနေ့မှသည်နှစ်ပေါင်းများစွာပျော်ရွှင်ချမ်းမြေ့ပါစေ...။
ဘာကျွေးမှာလဲ ငှင်..။

Phyo Maw August 17, 2009 10:30 PM  

ဘာပြောရမလဲတော့မသိဘူး ဝါးတီးလဲ မမြင်လိုက်ရတော့
ဟဲဟဲ jie jie မွေးနေ့ဆိုလို့
အသက်တစ်နှစ်ကြီးလာသည့် jie jie မွေးနေ့မှာ ပျော်ရွှင်ပါစေ။

ဝသန်မိုး August 17, 2009 10:55 PM  

ဟတ်ပီးဘတ်ဒေးပါ သယ်ရင်းရေ
နောက်နှစ်တွေမှာလည်း ဒီလို အလှူတွေ
လုပ်နိုင်ပါစေ နော်
လိုအင်ဆန္ဒတွေလည်းတစ်လုံးတစ်ဝပြည့်ဝပါစေ

ခင်တဲ့သယ်ရင်း
ဝသန်မိုး

ဖိုးစိန် August 17, 2009 11:56 PM  

မွေးနေ့မှာ ပျော်ရွင်ပါစေ ညီမနေခြည်


အလှူအတွက်ပီတိဖြစ်ပြီးသာဓုခေါ်သွားတယ်

လာရင်လဲကျွေးနိုင်ပါစေ.


ချစ်ခင်စွာဖြင့်

ဖိုးစိန်

ကိုလူထွေး August 18, 2009 2:59 AM  

မွေးနေ့အတွက် အလှူလုပ်ခဲ့တာ တကယ် သာဓုခေါ်စရာပဲပေါ့...း)

အခုမှ happy birthday လို့ပြောရင် နောက်မကျသေးဘူးထင်တယ်...းP

နောင်နှစ်ပေါင်းများစွာတိုင် အေးချမ်း ပြည့်စုံတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါစေ ဆုတောင်းပါတယ်...

အကိုလူထွေး

kaungkinpyar August 18, 2009 4:20 AM  

နေခြည်လေးရေ မမ ဘယ်လိုမှ ၀င်မရလို့ ခုမှ ရောက်ရတယ် ညီမလေး နောက်အကျဆုံး ဆုတောင်းလေး ပေးခဲ့မယ်နော်၊ ဟက်ပီးဘတ်ဒေးပါ ညီမလေး၊ ဆန္ဒနဲ့ ဘ၀ တထပ်တည်းကျပြီး ချစ်သူနဲ့ သက်ဆုံးတိုင် ချစ်နိုင်ပါစေ၊ အလှူအတွက်လဲ သာဓုခေါ်သွားပါတယ် ညီမရေ၊း)

ခရောင်းလမ်း August 18, 2009 7:30 PM  

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ မွေးနေ့ကနေ နောင်နှစ်ပေါင်း ၂၄၀ တိုင် ပျော်ရွှင်စွာ နဲ့ ဘဝလမ်းကို လျောက်လှမ်းနိုင်ပါစေ နေခြည်...........။

yegyi August 18, 2009 11:39 PM  

May all your birthdays be happy and gay.

Minn August 22, 2009 1:08 AM  

မွေးနေ့မှာ ပျော်ရွှင်ပါစေ

နောက်ကျသွားတယ်ညီမရေ

ဘလော့ဘက်ကို မရောက် ဖြစ်လို့ မသိလိုက်ဘူး

အခုလို့ ကုသိုလ်နဲ့ မွေူနေ့လုပ်တဲ့ ညီမလေး ပျော်ရွှင်စွာ နဲ့ ရှေ့ခရီးကို အဆင်ပြေပြေ လျှောက်လှမ်းနိုင်ပါစေ

ခင်တဲ့
မင်းအိမ်ဖြူ

ဏီ(န်)ကင်း August 24, 2009 10:25 AM  

သာဓုခေါ်သွားပါတယ်ဗျာ

မေတ္တာရောင်ပြန် August 24, 2009 11:44 AM  

သာဓုခေါ်ရင်း ညီမလေးအတွက် ဆုတောင်းပေးသွားပါတယ်နော်။

ဘ၀ခရီးမှာ ဆန္ဒနဲ့ ဘ၀ ထပ်တူကျနိုင်ပါစေ။

mabaydar August 26, 2009 10:50 AM  

ညီမလေးရေ... နောက်ကျနေပြီမှန်းသိပင်မဲ့ ဆုတောင်းပေးလိုက်ပါတယ်...
ဘ၀တစ်လျှောက် စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ မွေးနေ့တိုင်းကို ဖြတ်သန်းနိုင်ပါစေ...

ကိုဇက်တီက ညီမတို့မွေးနေ့ စုရပ်ကို ဖိတ်ပင်မဲ့ အစ်မ အလုပ်ရှိလို့ မလာဖြစ်လိုက်တဲ့အတွက် တောင်းပန်ပါတယ်... ညီမတို့နဲ့ ခုထက်ထိမတွေ့ဖူသေးဘူး... နောက်တစ်ခါ စုဖြစ်ရင် ခေါ်ပေါ့နော်...

mabaydar August 26, 2009 10:53 AM  

ခုမှ အစားအသောက်ပုံတွေ ပြန်ကြည့်ပြီး ဗိုက်ဆာလာပြီ... ရန်ကုန်ပြန်ရင် ရေခဲမုန့်နဲ့ ကိတ်မုန့်ကျွေးတဲ့ မင်္ဂလာဆောင်သာမလိုက်ချင်တာ...မြန်မာထမင်းဟင်းကျွေးတဲ့ အလှူပဲမျှော်နေတာ... အလှူထမင်းဟင်း အိုးကြီးချက်က အိမ်ချက်နဲ့မတူဘူးလေ.. ပိုစားကောင်းတယ်...

  © Blogger templates 'Sunshine' by Ourblogtemplates.com 2008

Back to TOP