ပြန်မယ်ဆိုတော့
ရန်ကုန် အလည်ပြန်မယ်လို့ ဆုံးဖြတ်ပြီးတော့ ကိုယ်ပြန်မယ့်ရက်ထက် နှစ်လလောက်စောပြီး ခွင့်ကို ကြိုတင်လိုက်တယ်။ နီးမှတင်ရင်မရမှာစိုးလို့ပါ။ ခွင့်က approved ဖြစ်တာနဲ့ ပြန်မယ့်ရက်ကိုတွေးမိတိုင်း ပျော်နေမိတယ်။ လေယာဉ်လက်မှတ်သွားလုပ်တော့ ဆိုင်က အရမ်းစောသေးတယ်၊ တလလောက်လိုမှလာပါဆိုလို့တောင် ပြန်လှည့်ခဲ့ရသေးတယ်။ ပထမဆုံးအကြိမ် ပြန်တာမို့လား၊ ကိုယ်တိုင်ကပဲအကဲပိုလို့လားမသိ ပြန်ရမယ့် ရက်နီးလာလေ ရင်တွေ ခုန်လာလေပဲ။
ပြန်ဖို့ ၂ပတ်အလိုမှာတော့ Agenda ကိုစဆွဲပါတယ်။ ပြန်မှာက တပတ်တည်းနဲ့ လုပ်ချင်တာတွေ၊ စားချင်တာတွေက အရမ်းများနေတယ်။ ဆွဲပြီးသား Agenda ကိုအိမ်ကိုပို့တော့ အိမ်ကလူတွေက ၀ိုင်းရီကြတယ်လေ။ ကိုယ့် Agenda ထဲက "စားချင်သော အိမ်ချက်ဟင်းများ" ဆိုတဲ့ စာရင်းကို အမေက ရေခဲသေတ္တာမှာ ကပ်ထားတော့ ပိုရီစရာကောင်းနေတာပေါ့။
ပြန်ခါနီးရင် ပြန်မယ်ဆိုတဲ့ အကြောင်းနဲ့ မွေးနေ့ရှိတယ်ဆိုတဲ့ အကြောင်းလေးလည်း ပိုစ့်တင်သွာမယ်လို့ စဉ်းစားထားပေမယ့် ရုံးမှာ အလုပ်တွေလွှဲရတာနဲ့ လက်ဆောင်တွေ လိုက်ဝယ်ရတာပဲနဲ့ ဘာမှမပြောသွားဖြစ်ခဲ့ပြန်ဘူး။
ပြန်မယ့်နေ့ကျတော့ မနက်၂နာရီမှအိပ်ဖြစ်တယ်။ ပစ္စည်းတွေထည့် စာရွက်စာတမ်းတွေစစ်နဲ့ တယောက်တည်းကိုရှုပ်နေတာ။ ပြီတော့ မနက်၎နာရီပြန်ထတယ်။ ရုံးသွားဖို့ ၇နာရီခွဲ ထရရင် ဘယ်တော့မှ မထချင်တဲ့လူက ခုတော့ တက်ကြွပြီး၎နာရီကို ငေါက်ကနဲ ထနိုင်နေတယ်း) ၆နာရီ check in ဆိုတော့ Taxi မရမှာစိုလို့ အိမ်ကနေ ၅နာရီကျော်လောက်ထွက်လိုက်တယ်။ တကယ်တော့ အဲဒီအချိန် Taxi တွေပေါမှပေါပဲ။ အဲဒီအချိန်ကစပြီး "နောက်နာရီပိုင်းအတွင်း ငါမြန်မာပြည်ကြီးကို ပြန်ရောက်တော့မှာပါလား" ဆိုပြီး တယောက်တည်း ကြိတ်ပြီး ရင်တွေခုန်နေတာ။ ရင်ခုန်တဲ့အထဲ စင်ကာပူက အထွက် အဆင်ပြေပါ့မလားဆိုပြီးတော့လည်း တွေပူသေးတယ်(တခါမှ မပြန်ဖူးလို့ပါ၊ တနည်းအားဖြင့် ဒုတိယအကြိမ် လေယာဉ်စီးခြင်းပါ :P)
လေယာဉ်ကွင်းရောက်တော့ သူများလုပ်တာကြည့်ပြီး လိုက်လုပ်လိုက်တာ အာလုံးအဆင်ပြေပါတယ်။ အဲ.. immigration ဖြတ်တော့ သူများတွေက သူတို့ရဲ့ ပတ်စ်ပို့စာအုပ်လေးကပ်လိုက်၊ လက်မလေးနှိပ်လိုက်နဲ့ ပြီးရင် တခါးလေးကပွင့်သွားရော.. ကိုယ်လည်း အဲလိုလိုက်လုပ်မယ်ပေါ့ဆိုပြီး သွားတန်းစီတာ မရဘူး၊ ဟိုဘက်မှာ သွားစီတဲ့ဆိုပြီး လူ၀၀ကြီးတယောက်ထိုင်နေတဲ့ ကောင်တာကို လွှတ်လိုက်ပါတယ်။ ဒါနဲ့ ကိုယ်လည်း ပတ်စ်ပို့စာအုပ် သူကိုပေးလိုက်တော့ သူက "နင် over stay လားဆိုပြီး အလန့်တကြားမေးပြီး ကိုယ် စင်ကာပူ စ၀င်တုန်းက သူတို့နှိပ်ပေးလိုက်တဲ့ စာမျက်နှာကိုပြပါတယ်။" ဒါနဲ့ IC ကဒ်ထုတ်ပြလိုက်မှ သူလည်း စိတ်အေးသွားပုံရတယ်။ နောက်ဆိုရင် စင်ကာပူကို ၀င်တိုင်းထွက်တိုင်း ပတ်စ်ပို့နဲ့ IC ကိုတွဲပြပါဆိုပြီး သေချာမှာလိုက်သေးတယ်။ သူ မမှာလည်း သိသင့်တဲ့ ကိစ္စပါ။ ကိုယ်တိုင်ကိုက အူကြောင်ကြောင်လုပ်မိတာလေ။
Immigration ဖြတ်ပြီးတာနဲ့ လှောင်အိမ်ထဲက လွှတ်သွားသလိုပဲ စိတ်လက်ပေါ့ပါးပြီး၊ အပျော်တွေနဲ့ပေါင်းစပ် မြင်မြင်သမျှကို ပြုံးပြချင်နေမိလို့ မနည်း ထိန်းထားရတယ်။ လေယာဉ်ပေါ်တက်တော့ လေယာဉ်မယ်လေးက မင်္ဂလာပါဆိုတာကို မပီမသနှုတ်ဆက်တော့ ကိုယ်ပြုံးချင်နေတဲ့ အပြုံးတွေ သူ့ပေါ်ကို စုပုံပြီး ပြန်နှုတ်ဆက်လိုက်တယ်။ ဒီလိုနဲ့ စင်ကာပူမြို့ကြီးကို ခဏတာ ခွဲခွာခဲ့ပါတယ်။
တချို့က စိတ်ပူပေးကြပါတယ်။ ဓာတ်ပုံတွေ ရိုက်လာခဲ့တာ အဝေးရောက်နေတဲ့လူတွေ အလွမ်းပြေ ကြည့်ရအောင်လို့ပါ။ ဈေးသည်တွေ မလန့်ရအောင်လည်း Flash ပိတ်ပြီး ရိုက်ခဲ့တာပါ။
အစားအသောက်ပုံတွေလည်း အများကြီးရိုက်ခဲ့ပါသေးတယ်။ ဒါပေမယ့် လာလည်တဲ့သူတွေကို ဓာတ်ပုံပြပြီး မနှိပ်စက်ချင်လို့ မတင်တော့ပါဘူး။ ကိုယ်တိုင်လည်း ခံစားဖူးလို့ နားလည်ပါတယ်။ ဟီးးးး)
နောက်ပြီး အိမ်ရှေ့မှာ အိန္ဒြာကျော်ဇင်ရုပ်ရှင်လာရိုက်နေတာကို ဓာတ်ပုံရိုက်ခဲ့သေးတယ်။ ဒါပေမယ့် တင်သင့်မတင်သင့် မသိလို့ မတင်တာပါ။
မမစူးနွယ် ပြောသလိုပဲ ခ၀ဲသီးနဲ့ ဂေါရခါးသီးကို မှားရေးထားတာပါ။ ခုထိလည်း ဘူးသီးနဲ့ ကျောက်ဖရုံသီး မခွဲတတ်သေးပါဘူး(ဆက်မပြေတော့ပါ အရည်အချင်းတွေ ပေါ်ကုန်တော့မယ်။) ဟိး)
ကိုAndrew, မိုးခါး နဲ့ အမည်မသိ တို့က ဘယ်ဈေးလဲဆိုတာ ခန့်မှန်းသွားပါတယ်။ အမည်မသိ တယောက်ပဲ မှန်ပါတယ်။ သင်္ကန်းကျွန်းဈေးပါ။း)
ကိုတောင်ပေါ်သားပြောတဲ့ ပအို့ပြောင်းဆိုတာ ဖြစ်နိုင်ပါတယ်။ နေခြည်က ဈေးသယ်တွေအော်သလို ကြားမိတဲ့အတိုင်း ရေးထားတာပါ။
ဓာတ်ပုံတွေလျှောက်ရိုက်လို့ စိတ်ပူပေးတဲ့ ကိုAndrew၊ ချမ်းရဲနဲ့ နော် ရေ... နေခြည်လည်း လျှောက်ရိုက်ပြီး ပြန်တင်ရတာ နည်းနည်းတော့ စိတ်ပူပါတယ်။ ဟိ ..း) ဒါပေမယ့် တင်ပြီးသွားပြီ။။။။။

18 comments:
တော်သေးတာပေါ့။ အပျော်လွန်ပြီး လေယာဉ်ပျံ မှားတက်မသွားလို့။ :D ရန်ကုန်ပြန်ရင် ဘာစားချင်တယ် စဉ်းစားသွားသွား ၂ မျိုးထက် ပိုပြီး မစားဖြစ်ဘူး။ သွားရင်လာရင်း ကြုံတာ ဆွဲရတာ များတယ်။
မနှိပ်စက်ချင်ပေလို့ ဘဲနော်
ပြန်ချင် ထှာ
ပလို့ပြောင်းဆိုတာတော့ ရှိပါတယ်..။
ပြည် အောင်လံလမ်းပေါ်က ပလို့ဆိုတဲ့ရွာက ထွက်တဲ့ပြောင်းဖူးပါ...။
ရန်ကုန်မြို့ ထဲ သွားနေတုန်းတောင် အိမ်ကို
သိပ်ပြန်ချင်တာ တိုင်းပြည်ရပ်ခြားကဆိုရင်တော့
ဆိုဖွယ်မရှိပါ ကိုယ်ချင်းစာပါတယ်
အေးမြသာယာပါစေ
ရန်ကုန်သား :D
း) ကောင်မလေး ဒိုင်ယာရီရေးတာ နည်းနေသေးတယ်။
ပြန်ပြီးစပ်စုတာ။း)
ရှိသင့်ပါတယ်၊ နောက် ပြန်ကြည့်ရင် ပျော်ရွှင်စေဖို့ အတွက်ပါ။
ဝေးးးးးးးးးးးးး နွေး ရေ.... ငါ လဲ အဲ့လိုပဲကွ...။ ပြန်ရတော့မယ် ပြန်ရတော့မယ်... ပျော်နေတာ... ရင်တွေလဲ ခုန်တယ်... တကယ်ပဲ..။ ပြန်မယ့်နေကျ ငါလဲ မသိဘူး...ခု နင့်ပိုစ့်လေး ဖတ်လိုက်တာ သိသွားတယ်..။ passport & IC တွဲပြရတယ်ဆိုတာ..။ ခုတော့ သိပြီ...။
အော် ပြန်နိုင်တဲ့ သတွေ ပြောကြပေါ့ါကွယ်။ အခု ပရိုမိုးရှင်း ချနေတယ်တဲ့ ပြန်လိုက်အုံးမယ်။ ဟဟ
တော်သေးတယ်နော် ဒီလောက်ပဲ ရေးလို့ ကောင်မလေး။ ဟွန့်
:P
ဖြီးထည့်လိုက်တာ တည့်တည့်ကြီးကို လွှဲတာပဲ :D
တာမွေနားနေပြီး တာမွေဈေးမသွားဘူး :P
ဟုတ်ပ မိုးခါးရေ.........
တာမွေသူ တာမွေဈေးမသွားတာ
တို့  ဘဘကြီးလေသံနဲ့  ပြောရရင်
အမေကျော် ဒွေးဒေါ်လွမ်းတာပဲ
း)
နောက်တာနော်
ချိတ်ချိုးနဲ့ 
aww ကြွားတယ်ပေါ့လေ ဟုတ်လား မမနွေးးးး ဟွန်းးးး :P စတာ စိတ်ဆိုးနဲ့
ဘိုင်တာ့တာ
နင်အိုဗာစတေးလား.. အိုင်စီကဒ်ပါလား...း)
အထူးတန်းခုံတွေက ရန်ကုန်ကို မရောက်ဘူး နွေးရဲ့... ရိုးရိုးတန်းဘက်ခြမ်းကို ပြန်လိုက်ခဲ့...
းဝ)
နင်ကမှ ဟုတ်သေး နွေးရာ
ငါမှာ ၃ ရက်သာပြန်တယ်။
ဘယ်မှလဲ ကောင်းကောင်း မရောက်ပါဘူး။
မိုးလင်းတာနဲ့ ဧည့်သည်က အိမ်ရှေ့ရောက်နေပြီ။
မကျေနပ်သေးဘူး
တစ်ခေါက်ထပ်ပြန်မယ်။ နှစ်ကူးကျရင်
အစ်မလဲ ပြန်မယ်ကွယ်။ ပြန်မယ်ရမယ်ဆိုတာနဲ့ ပျော်နေပြီကွယ်။
ပြန်ချင်တယ်
အိမ်လွမ်းလာပီနော်
ဟိဟီ ပျော်စရာ ကြီးနော်
ညီမလေး ပြောတာ နဲ့ အမတောင်ပြန် ချင် လာ ပြီ။
အမဆီကို လည်းအလည်လာခဲ့အုန်းနော် ။
http://khayaynyo.blogspot.com/
မိသားစုနဲ့တွေ့ရတာ ပျော်စရာပေါ့...။
ခေါင်းစဉ်မြင်တော့ နောက်တခေါက်ထပ်ပြန်မယ် ထင်လို့
အားကျအောင်လုပ်တာပဲကွယ်။
ရန်ကုန်ရောက်ရင် စားမယ်လို့ ရည်စူးထားတဲ့ အရာတွေ အားလုံး စားဖြစ်ခဲ့ရဲ့လား ဟင်...
ဓါတ်ပုံတွေတော့ လျှောက်မရိုက်ရဲတာ အမှန်ပဲ။ အခန့်မသင့်ရင် ကင်မရာ အသိမ်းခံနေရမယ်။ အားလုံးကို ကြောက်နေရတဲ့ ဘ၀တွေ။
Post a Comment