Thursday, October 22, 2009
ရောထွေး ပြစ်တင်မှု
တချို့လူတွေက လူတယောက်ကို အပြစ်တင် ဝေဖန်တော့မယ်ဆိုရင် ဆိုင်တာရော မဆိုင်တာရော ရောထွေးပြီး အပြစ်တင်တတ်ကြပါတယ်။ ခုတလော စိတ်ဘ၀င် မကျချင်စရာ စကားတခုကို ပတ်ဝန်းကျင်မှာ ခဏ ခဏ ကြားနေရတယ်။
"ထိုင်လိုက်တဲ့တရား ပြီးရင် လုပ်တော့တလွဲ"
"သူ့လောက်ဘုရားရှိခိုးတာမရှိဘူး ခုကျတော့ တရားကိုမရှိဘူး"
စသည်ဖြင့် မကြာမကြာ ကြားနေရတယ်။ လူတယောက်ကို ဝေဖန်ချင်တယ်ဆိုရင် အဲဒီလူကို၊ အဲဒီအပြစ်ကို တိုက်ရိုက်ဝေဖန်လို့ရပါတယ်။ အပြစ်တင်လို့ရပါတယ်။ ဒါပေမယ့် သူလုပ်တဲ့ ဘာသာရေးကို နင်းပြီး အပြစ်တင် ဝေဖန်တာကိုတော့ လက်မခံပါဘူး။
ဘုရားရှိခိုးနေတဲ့အချိန်၊ တရားထိုင်နေတဲ့အချိန် ခဏလေးမှာ တကယ်ကို ယုံကြည်တဲ့ စေတနာ သဒ္ဒါတရားနဲ့လုပ်နေတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဘုရားရှိခိုးပြီးတဲ့ အချိန်၊ တရားထိုင်ပြီးတဲ့အချိန်မှာ သူဟာ အပြစ်လုပ်မိချင်လုပ်မိမယ်။ ဒါဟာ တရား မပြည့်ဝသေးသူ၊ အရိယာ မဖြစ်သေးတဲ့ သူတိုင်း လုပ်မိနေမှာပါ။ အဲဒီ အချိန်နှစ်ခုကို ခွဲခြားပြီး မြင်တတ်စေချင်တယ်။ တရား ၁၀ ရက်လောက် ထိုင်ရုံနဲ့ တော့ တသက်လုံးသူတော်ကောင်းကြီး ဖြစ်ရမယ်လို့ မသတ်မှတ်ထားပါဘူး။ အဆုံးစွန်ထိဆိုရင် တရားထိုင်တယ်ဆိုပြီး ဘုရားစင်ရှေ့ အိပ်နေဦးတော့ ဘာသာရေးကို ခုတုံးလုပ်ပြီး အပြစ်မတင်သင့်ပါဘူး။ ဗုဒ္ဓဘာသာ အတွက်မှ မဟုတ်ပါဘူး ဘယ်ဘာသာ အတွက်ဖြစ်ဖြစ်ပါ။
ဘုရားတရားလုပ်တဲ့အချိန်လုပ် ပြီးရင် အကုသိုလ်လုပ်လို့ရတယ်လို့ လည်းမဆိုလိုပါ။ တရားထိုင်တိုင်း တရား ရချင်မှရမယ်။ ဒါပေမယ့် သူ့ကို တရားရဖို့ ကြိုးစားနေတဲ့သူအဖြစ် မြင်ပေးစေချင်တယ်။
သူဟာ ပန်းတိုင်မရောက်သေးသရွေ့တော့ အကြိမ်ကြိမ်လဲကျနေပါဦးမယ်။ သူလဲကျတာကိုကြည့်ပြီး ကိုယ်သွားရမယ့် လမ်းကို မနှောင့်နှေးပါစေနဲ့ လို့ ဆုတောင်းလိုက်ပါတယ်။
30 comments:
စည်သူ October 22, 2009 6:43 PM  
ဟေ... နာအရင်ဆုံးဟ
စည်သူ October 22, 2009 6:44 PM  
အလုပ်မသွားခင် တက်လာတာ ဟိုမှာလည်း တစ်
ဒီမှာလည်း တစ် ..ဟေဟေးးး ပျော်လိုက်တာ..
အလုပ်သွားလိုက်အုံးမယ်ဟ
ကိုမျိုး October 22, 2009 6:54 PM  
မင်္ဂလာပါ နေခြည်ရေ..
လောကမှာ အပြစ်လွတ်သူရယ်လို့ မရှိပါဘူး။ ကောင်းတာ လုပ်လုပ်..ဆိုးတာလုပ်လုပ်..တစ်ခု မဟုတ် တစ်ခုတော့ ပြောနေကြအုံးမှာပါ..ဒါဟာ သဘာဝမို့ စိတ်ထဲမထားဘဲ ဆက်လက်ပြီး တရားဘာဝနာ ပွားများ နိုင်ကြပါစေ...
ခင်မင်စွာဖြင့်
ကိုမျိုး
ဝက်ဝံလေး October 22, 2009 7:16 PM  
အယ် ကိုစည်သူကြီး တစ်နေပြီတော့ ဟဟဟဟ
မနွေးရေ ဟုတ်တယ်နော် မှန်တယ် အဲလိုမျိုး သူလုပ်တဲ့ ဘာသာရေးကို မထိခိုက်သင့်ဘူး နောက်ရှိသေးတယ်လေ မမ ရဲ့
ပါးစပ်က ဘုရား ဘုရား လက်ကကားယားကားယား ဆိုတာ ဟုတ်လားမသိနော် ကြားဖူးတာ ပြောသွားတယ်
တာ့တာ အာဘွားးးးးးးးရှလူးးးးးး
နေကောင်းရဲ့လား ဘိုင်
U Yin Mu October 22, 2009 7:23 PM  
what a sister! I agree your words...we can ask to someone,separately, not only say like concern with religious affair!It shouldn't be...we ever say like that... so go ahead your brighter future way...My sis...
မိုးခါး October 22, 2009 8:10 PM  
နေခြည်ရေ
ပေါက်ကွဲနေတာလားး)
စိတ်လျှော့ပါကွယ် ..
တောင်ပေါ်သား October 22, 2009 8:20 PM  
ဝေဖန်တယ်ဆိုတာ ဝေဖန်တတ်ဖို့လိုသလို သင့်တော်၏ မသင့်တော်၏ ဆိုတာရှိပါတယ်။ ဘာသာတရားကို တဖက်စောင်းနင်း ဝေဖန်တယ်ဆိုတာ ပညာမဲ့ တနည်းအားဖြင့် မစဉ်းစားတတ်သူတွေရဲ့ ဝေဖန်မူပါ။ လူတိုင်း စဉ်းစားဥာဏ်လေးရှိရင် သာယာလှပါနေမှာပါ
လေးစားလျက်
တောင်ပေါ်သား
သိင်္ဂါကျော် October 22, 2009 9:06 PM  
တစ်ဖက်က စိတ်ထား ဘယ်လိုပဲ ဖြစ်နေပါစေ ဘာသာရေးကိုတော့ မဝေဖန်သင့်ဖူးပေါ့။ ဝေဖန်သူ အပေါ်မှာပဲ ငရဲကြီးနိုင်တယ်လေ။
သူများ ဘယ်လိုပဲ ဝေဖန်ပေမယ့်လည်း ကိုယ့်လမ်းကို မှန်မှန် လျှောက်နိုင်ရပါမယ်။
ဂျပန်ကောင်လေး October 22, 2009 9:12 PM  
အင်း..မှန်တယ်.. တခါတခါ စကားတွေဟာ ပြောချင်ကြတာပဲသိတယ်.. ဘယ်အတိုင်းအတာအထိ အဓိပ္ပါယ်သက်ရောက်မယ်ဆိုတာ မသိကြဘူး.. ပေါက်ကွဲပါ...
နှင်းဆီပန်းချစ်တဲ့ကောင်မလေး October 22, 2009 10:53 PM  
ချစ်တရေး ဘာတွေဖြစ်လဲ
လူတော်တော်များများက သူများကို ပြစ်တင်ဝေဖန်ဖို့သာ
တွေးတောနေတောကိုးး
ကိုယ်မျက်ချေးကိုယ်မမြင်ဆိုတဲ့ စကားလဲရှိသားး။
အကောင်းဆုံးကတော့ သူများကိုဝေဖန်ကဲ့ရဲ့နေမဲ့အစား ကိုယ်ဆက်လျှောက်ရမဲ့လမ်းကို
ကိုယ်ဘာသာ အကောင်းဆုံးလျှောက်နေသင့်တာလေ။
မေဇင် October 22, 2009 11:38 PM  
ဟုတ်တယ်နွေး.... ငါလဲလေ...အဲ့လို ပြစ်တင် ဝေဖန်သံတွေကြားရင်.....စိတ်မကောင်းဘူး...။ ငါ တို့ မပြောမိအောင် နေကြရအောင်..။
Anonymous October 23, 2009 12:19 AM  
အင်းး
ဆင်ခြင်မှပါပဲ..။
ရေတမာ October 23, 2009 8:03 AM  
ဘာပြောရမှန်းတောင် မသိဘူး။ သဘာဝလို ဖြစ်နေတယ်ရော
ခရေညို October 23, 2009 8:37 AM  
ချီးမွမ်း ၇ ရက် ကဲ့ရဲ့ ၇ရက်ပဲလေ။ ဘာမှဂရု မစိုက်ဘဲ ကိုယ်လုပ်စရာရှိရာကို ဆက်လက်လုပ်ဆောင်နိုင်ပါစေ။
စည်သူ October 23, 2009 8:48 AM  
အင်း...
အမြင်နှစ်ခုကို ကွဲပြာအောင်ဖော်ပြသွားတာ ကျေးဖူးတင်ပါတယ်..
မှန်ပါတယ်.. အခုလို မဖြစ်သင့်ဘူး..
ခင်မင်စွာဖြင့်
စည်သူ။
စည်သူ October 23, 2009 8:54 AM  
ဟေ့ ဝက်ကလေး
သတ္တိရှိရင် အွန်ကိုလာခဲ့ကွ..
...........................
...........................
...........................
ဟဲ..ဟဲ အကြာကြီးစောင့်နေတာ ပေါ်မလာဘူး
ဘယ်ရမလဲကွ.. ပြေးပြီမှတ်လား..အသံကြားတာနဲ့ ရေသောက်ရမလိုလို ထမင်းစားရမလိုလို ဖြစ်သွားပြီးမှတ်လား..:P
တလနွန် October 23, 2009 10:36 AM  
မှန်၏ ဒေါ်နေခြည်ရေ့ ။ ဘာမဆိုင် ညာမဆိုင် ဆွဲထည့်ပြီး ဝေဖန်တာက ဘယ်ကောင်းမလဲ။
သူဟာ ပန်းတိုင်မရောက်သေးသရွေ့တော့ အကြိမ်ကြိမ်လဲကျနေပါဦးမယ်။ သူလဲကျတာကိုကြည့်ပြီး ကိုယ်သွားရမယ့် လမ်းကို မနှောင့်နှေးပါစေနဲ့ လို့ ဆုတောင်းလိုက်ပါတယ်။
ဆိုတဲ့ စကားလိုပါပဲလေ။
Mogok Thar October 23, 2009 12:29 PM  
ဘုရားတရားလုပ်တဲ့အချိန်လုပ် ပြီးရင် အကုသိုလ်လုပ်လို့ရတယ်လို့ လည်းမဆိုလိုပါ။ တရားထိုင်တိုင်း တရား ရချင်မှရမယ်။ ဒါပေမယ့် သူ့ကို တရားရဖို့ ကြိုးစားနေတဲ့သူအဖြစ် မြင်ပေးစေချင်တယ်။
သူဟာ ပန်းတိုင်မရောက်သေးသရွေ့တော့ အကြိမ်ကြိမ်လဲကျနေပါဦးမယ်။ သူလဲကျတာကိုကြည့်ပြီး ကိုယ်သွားရမယ့် လမ်းကို မနှောင့်နှေးပါစေနဲ့ လို့ ဆုတောင်းလိုက်ပါတယ်။
Thats right, sis.Those words reminds to people who travel outside onward just like me. These words touch me saying to travel myself inward no matter what happen.
Thanks a lot.
စိမ်း... October 23, 2009 1:30 PM  
မှတ်သားထားလိုက်ပါ့မယ်... :)
yangonthar October 23, 2009 11:03 PM  
ဟုတ်ပါတယ် မနွေးရေ ... လူတွေရဲ့ သဘာဝကို ကဒီလိုကိုးလေ .... တကယ်တော့ ကုသိုလ်ပြု ခြင်း အကုသိုလ်ကျူးလွန်မိခြင်းတွေဟာ လူတစ်ယောက်အတွက် ရေချိုနဲ့ ရေငံလို မြစ်တစ် ခုတည်းမှာစီးဆင်းနေပေမယ့် ရောထွေး ကောင်းတဲ့ အရာမှမဟုတ်ဘဲ ချိုရင် ရေချိုလို့ ပြောရမှာဖြစ်သလို ငံတဲ့အခါ ငံတယ် လို့ ဆိုရမှာပဲ ရောထွေးကောင်းတဲ့အရာတွေ မဟုတ်ပါဘူး လူသားမှန်ရင်တော့ အပြစ်အနာ အစာ ကင်းကြရိုးမရှိပါဘူးလေ ..... စကားတစ်ခွန်း ကြောင့် ဘယ်လောက်အကုသိုလ်တက် ရသလဲဆိုတာ သူတို့ တွေ သိကြရင် အဲလို ဝေဖန်ကြမှာ မဟုတ်ပါဘူး ကြောက်စရာ ကောင်းတဲ့ ဒီပါးစပ်နော် .....
ခင်တဲ့
ရန်ကုန်သား :)
မေသူ October 26, 2009 9:17 AM  
အင်းနေခြည်ရေ ဟုတ်တယ်...
သူများကို အပြစ်တင်ဖို့ ကျ အားကြီးလွယ်တာကိုးကွ...
အပြစ်မြင်၊ အကောင်းမြင် ဆိုတာ မြင်တဲ့သူ ကြည့်တဲ့သူပေါ်မှာပဲ မူတည်တယ်။ မြင်တတ်၊ ကြည့်တတ်ရမယ်...မမြင်တတ်၊ မကြည့်တတ်လို့ ကတော့ ကျွဲတွေ ရွံ့ ဗွက်ထဲမှာ ပျော်မြူးသလို တို့ များလဲ ဒီသံသရာ ရွံ့ အိုင်ထဲက ဘယ်တော့မှ ထွက်နိုင်မှာ မဟုတ်ဘူးပေါ့...
TnT October 26, 2009 10:43 AM  
That's just a hasty conclusion from Narrow minded people. Just forgive them till they understand themselves.
Let them do, shouldn't let ourselves involve in that bad incident.
just :) at them.
နွေးနေခြည် October 26, 2009 12:50 PM  
TnT>> I can't let them do because they will do it again and again if they don't understand. At least, we should point them. Right?
TnT October 27, 2009 10:36 AM  
Yep, you are also right. :)
ကိုလူထွေး October 31, 2009 5:05 AM  
မပြောတတ်ဘူး...
"ပါးစပ်က ဘုရားဘုရား... လက်ကတော့ ... ... ... ... " ဆိုတာတော့သိတယ်...
point them right နိုင်ပါစေ...
းဝ)
မင်းအိမ်ဖြူ November 9, 2009 12:29 AM  
ညီမရေ လာရောက် နာယူသွားတယ်နော် P:
ပျော်ရွှင်ပါစေ
မင်းအိမ်ဖြူ
rose of sharon November 9, 2009 5:41 PM  
ထောက်ခံပါတယ်... သူများကို ပြစ်တင်ဝေဖန်မဲ့အစား ကိုယ့်ဟာကိုယ် အနေမှန်ဘို့ဘဲ ကြိုးစားသင့်ပါတယ်...( ကိုယ့်ကိုကိုယ်ပြောတာ)
သီဟသစ် November 15, 2009 11:48 PM  
ညီမနေခြည်ရေ..
သူလဲကျတာကိုကြည့်ပြီး ကိုယ်သွားရမယ့် လမ်းကို မနှောင့်နှေးပါစေနဲ့ ဆိုတာလေးကို သဘောကျပါတယ်ကွယ်
ကြားဖူးတာက အဲလိုမျိုးပြောဖန်များရင် ကိုယ်လည်းတရားရတာ နှောင့်နေးတတ်တယ် တဲ့
ခင်မင်စွာဖြင့်
သီဟသစ်
Ðaywalker[Soul] November 18, 2009 1:03 AM  
လာဖတ်ပါတယ်ဗျာ
kaungkinpyar November 21, 2009 2:23 AM  
ဘယ်သူမှ မဝေဖန်ချင်ဘူးကွယ်..း)
  © Blogger templates 'Sunshine' by Ourblogtemplates.com 2008
Back to TOP