Wednesday, December 16, 2009

2008 & 2009 Christmas Dinner


ခရစ်စမတ်နေ့ဆိုရင် ရုံးတွေ ကျောင်းတွေပိတ်တယ်ဆိုတာ လောက်ပဲသိခဲ့တာပါ။ ဒီမှာအလုပ်စလုပ်တော့မှ ခရစ်စမတ်လက်ဆောင် လဲရတာ၊ ခရစ်စမတ်သစ်ပင်မှာချိတ်ဖို့ အရုပ်လေးတွေ(christmas ornaments) ၀ယ်ရတာကို သိခဲ့ရတယ်။

တခြား ရုံးတွေမှာလည်း ခရစ်စမတ်ညစာစားပွဲနဲ့ လက်ဆောင်လဲပွဲတွေလုပ်ကြမယ် ထင်ပါတယ်။ ကိုယ့်ရုံးက လုပ်ပုံလေးကတော့ ခရစ်စမတ် ညစာစားပွဲ မစခင် ၁ပတ်လောက်အလိုမှာ ကိုယ် လက်ဆောင်ပေးရမယ့်လူရဲ့ နာမည်ကို ကြိုပြီး မဲနှိုက်ရပါတယ်။ ကိုယ်မဲပေါက်တဲ့လူအတွက် လက်ဆောင်လေးဝယ်ရတယ်။ လက်ဆောင်ပစ္စည်းပေါ်မှာ ကိုယ်နှိုက်လိုက်တဲ့မဲထဲက လူရဲ့ နာမည်ကိုရေးပြီးရင် ဘယ်သူမှမသိအောင် ခရစ်စမတ်သစ်ပင်အောက်မှာ သွားထား ထားရပါတယ်။ ညစာစားပွဲနေ့မှ ကိုယ့်နာမည်ရေးထာတဲ့ လက်ဆောင်ပစ္စည်းကို အားလုံးရှေ့မှာ ဖောက်ရပါတယ်။

၂၀၀၈ ခရစ်စမတ်
မနှစ်က ဒီလိုအချိန်လောက်မှာ ရုံးကလူတွေနဲ့ ခရစ်စမတ်ပွဲလေးလုပ်ဖြစ်တယ်။ ပွဲလာမယ့်လူတိုင်းက အနီ (သို့) အစိမ်းပါတာကို ၀တ်ခဲ့ရပါတယ်။ အဲဒီထဲကမှ အဆန်းသစ်ဆုံး တီထွင်ပြီး ၀တ်နိုင်တဲ့လူ ၂ယောက်ကို ဆုပေးပါတယ်။ နောက်တခုကတော့ ဗလာမပါကံစမ်းမဲ အစီအစဉ်လဲပါပါသေးတယ်။ ညစာစားပွဲကိုတော့ River Side က ဆိုင်တဆိုင်မှာ ဘူဖေးကျွေးပါတယ်။ အဲဒီဘူဖေးကိုတော့ တသက်လုံးသတိရနေမှာပါ။ သတိရစေတဲ့အကြောင်းရင်းကိုလည်း ဆက်ပြောပါ့မယ်။

မြန်မာမှာတုန်းက ဘူးဖေးစားတယ်ဆိုတဲ့ အကြိမ်ကို လက်ချိုးရေလို့ရပါတယ်။ ၁ခါလားပဲ ရှမ်းကန်မှာစားဖူးတာပါ။ အဲဒီတော့ ဒီမှာ စားရတဲ့အခါကျတော့ တောသူမြို့ရောက်ဆိုသလို မမြင်ဖူး မစားဖူးတာတွေမြင်ရတော့ အကုန်ကိုထည့်စားချင်တာပါ။ အစားမက်တဲ့ အခံကြောင့်လည်း ပါပါတယ်။ အကုန်မစားနိုင်ဘူးဆိုတာ သေချာတော့ ကိုယ်မကြိုက်တာတွေကို စ ပယ်ပါတယ်။ အသားစိမ်းတွေနဲ့ ရေညှိကိုမကြိုက်လို့ ဂျပန်စာဘက်ကို မလှည့်တော့ပါဘူး။ ပင်လယ်စာထဲမှာ ခရုတို့၊ ဂုံးတို့ မစားတော့ အဲဒါတွေလည်း ပယ်လိုက်ပါတယ်။ ကြက်နဲ့ဝက်ကစားနေကျမို့ ဒုတိယ ဦးစားပေးထားပြီး၊ ပုစွန်နဲ့ ဂဏန်းကို ပထမဦးစားပေးပြီးစားပါတယ်။
ထမင်းလည်း ထည့်မစားပဲ ဟင်းတွေချည်းပဲ စားပါတယ်။ ဟင်းချည်းပဲ စားရမယ်လို့ ရုံးကလူတွေ သင်ပေးတာပါ။

1st round ပြီးတော့ အေးဆေးပါပဲ။ 2nd round ပြီးတော့ ဗိုက်ပြည့်သွားပါပြီ။ အချိုပွဲစားဖို့ ပြင်ဆင်ပါတယ်။ အဲဒီဆိုင်မှာ နာမည်ကြီးတဲ့ အချိုပွဲက ဒူးရင်းသီးအချိုပွဲလို့ အစောကြီးကတည်း သတင်းရထားပြီးသားပါ။ တကယ်လည်း ချို၊ စိမ့်၊ ခါးနေအောင် စားကောင်းပါတယ်။ ဒူးရင်းသီးအသားချည်းကို ရောပြီး ပစ်နေအောင် မွှေထားတာပါ။ ဒူးရင်းသီးကြိုက်သူဆိုတော့ တပန်းကန်အပြည့် ထည့်ပြီးစားလိုက်ပါတယ်။ စားပြီးလို့ နားတုန်းပဲရှိသေးတယ် မန်နေဂျာက "နေခြည် ဒီလောက်ပဲလား။ ထပ်စားထပ်စား ကျားရို ကျားရို" ဆိုပြီးမြှောက်ပေးလို့ 3 round ကို ပုစွန်နဲ့ ဂဏန်းချည်းပဲ ထပ်စားပါတယ်။

ပြီးတော့ ကံစမ်းမဲနှိုက်၊ ပစ္စည်းလဲပါတယ်။ နောက်ဆုံးအနေနဲ့ အားလုံး ဒူးရင်းသီးအချိုပွဲ တူတူစားကြမယ်ဆိုပြီး နောက်တပန်းကန်ထပ်စားပါတယ်။ အားလုံးအဆင်ပြေပြေ နဲ့ပဲ ပြီးသွားပါတယ်။ အဆင်မပြေတာက အိမ်ရောက်မှစတာပါ။

အိမ်ရောက်တော့ ည ၁၂ နာရီလောက် ဖြစ်နေပြီ။ ရေချိုးပြီး တန်းအိပ်ပါတယ်။ ဒါပေမယ့် ဘယ်လိုမှအိပ်လို့မရပါဘူး။ ရင်တွေပူလွန်းလို့ ရေထသောက်လည်း မရဘူး။ အဲဒါနဲ့ အစာကြေဆေးစားပြီး အိမ်ထဲမှာ လမ်းထလျှောက်နေရတယ်။ အဲလိုလုပ်နေလည်း ရင်ထဲမှာ မအီမလည်ကြီးနဲ့ ထိုင် မရ၊ ထ မရ၊ အိပ်မရနဲ့ နောက်ဆုံးဘယ်လိုမှမခံနိုင်တဲ့အဆုံး ရေချိုးခန်းထဲပြေးပြီး အန်ရတော့တာပါပဲ။ ၂ခါလောက် အန်ယူရပါတယ်။ အန်လည်းပြီးတော့ လူလည်းတော်တော် ပျော့သွားပါပြီ။ ရင်ထဲမှာလည်း နေလို့ကောင်းသွားပါတယ်။ (ကောင်းသွားတာပေါ့ စားထားတာတွေ အကုန်ပြန်အန်လိုက်တာလေ) ။ ပြီးတော့ သန့်ရှင်းရေးလုပ်ပြီး အိမ်ရှေ့ထွက်လာတော့မှ ............ ဧည့်ခန်းတခုလုံး ဒူးရင်းသီးချဉ်စုတ်စုတ်နံ့ကို နံနေတော့တာပဲ။ အဲဒီတော့ တခါးတွေဖွင့်၊ ပန်ကာတွေဖွင့်ပြီး Air Fresher တွေလိုက်ဖြန်းရတော့တယ်။

နောက်ဆုံးတော့ စားထားတာတွေ အကုန်ပြန်အန်ပြီး၊ အိပ်ကောင်းခြင်း မအိပ်ရတာတွေပဲ အဖတ်တင်လိုက်ပါတယ်။ အဲဒီအချိန်မှစပြီး ဘူဖေးဆိုရင် ဆင်ဆင်ခြင်ခြင် သတိချပ်ပြီး စားပါတော့တယ်။
(၂၀၀၈ ခရစ်စမတ် ဒင်နာ အမှတ်တရပါ)

၂၀၀၉ ခရစ်စမတ်
၂၀၀၉ ခရစ်စမတ် ဒင်နာကို မနေ့က Trader Hotel မှာလုပ်ခဲ့ပါတယ်။ မနှစ်ကလို ကံစမ်းမဲ အစီအစဉ်တွေ မပါတော့ပါဘူး။ ဒီတခါလည်း ဘူဖေးပါပဲ။ ခုတော့ သိသွားပါပြီ မြှောက်ပေးလည်း မစားနိုင်ရင် ထပ်မစားတော့ပါဘူး။ ငမ်းငမ်းတက် စားရလောက်အောင်လည်း အကြိုက်မတွေ့ခဲ့ပါဘူး။

ဒီနှစ် စားစရာတွေထဲမှတော့ ထူးထူးဆန်းဆန်းနဲ့ စားကောင်းတာကတော့ နာနတ်သီးကင် ပါ။ ချက်ခြင်းကင်ပြီး ချက်ခြင်းလှီးပေးပါတယ်။ နာနတ်ယိုလေးလိုပဲ မွှေးပြီးချိုနေပါတယ်။

ဒါကတော့ အချိုပွဲလေးတွေပါ။ လှလို့ ရိုက်လာခဲ့တယ်။





ဒီနှစ် ရတဲ့ ခရစ်စမတ် လက်ဆောင်ပါ။ ဘယ်သူပေးတာလဲတော့ မသိပါဘူး။





7 comments:

Angel Shaper December 16, 2009 6:31 PM  

ခရစ်စမတ်ပွဲလေး လာနွှဲပါတယ်။
အရမ်းပျော်ခဲ့ရတဲ့ မိသားစု အပေါင်းအသင်းစုံ ခရစ်စမတ်ပွဲလေးတွေကို အမှတ်ရ လွမ်းမောမိတယ်။
Merry X'mas & Happy New Year!!!!!!
ပါနော်။

puluque December 16, 2009 7:01 PM  

အားကျတယ်ဗျာ။ ကျတော်တို့ ရုံးမှာ ဘာမှ မရှိ။

စည်သူ December 16, 2009 7:02 PM  

(((((((((((အား)))))))) ရှလွတ်..း)
ခရစ်စမတ် ကျရင် အလုပ်ဆင်းရမယ်နဲ့တူတယ်

အဟင့် အဟင့် ပေါက်ကွဲတယ်ကွာ..း(

ပျော်ရွှင်ပါစေဟေ
ခင်မင်စွာဖြင့်
စည်သူ။

ညရဲ့ကောင်းကင် December 16, 2009 7:13 PM  

ခရစ်စမတ် ပွဲလေးကို လာပြီး သရေယိုသွားတယ်...
စားလို့ကောင်းမယ့်ပုံပဲဗျ...

ဟွန့် စားလည်းစားလို့ မရပဲနဲ့ ပုံတွေတင်တယ်...အဟီးး)

ကောင်းကင်ပြာ December 16, 2009 9:07 PM  

လိုက်မလို့ဟာ ပီးသွားပီ..ဟင့်..

မေသူ December 16, 2009 10:43 PM  

ဝေးး နွေး.. ခရစ်စမတ်လက်ဆောင်လေးက လှတယ်ကော...

ဟိဟိ တို့ လဲ သွားဝါးရဦးမယ်... မကြာမှီမျှော်...

မေသူ့ မှာလဲ ဒူးရင်းသီးနဲ့ အမှတ်တရရှိတယ်... ရုံးမှာ ခြင်းအကြီးကြီးနဲ့ အပြည့် သူဌေးကသယ်လာတာ ဝိုင်းတီးတာ အသကုန်... ကောင်းလွန်းလို့ ... စားလဲပြီးရာ ရင်တွေ ပူလာလိုက်တာ... အဟီးးး အလုပ်တောင် ဆက်မလုပ်နိုင်တော့ဘူး... =) အအေးသောက်လိုက်... ရေသောက်လိုက်နဲ့ ... တစက်မှနေမကောင်းဘူး... ဒါမဲ့ တားနဲ့ ကွယ်... စားမှာပဲ
=)

ကိုလူထွေး December 17, 2009 3:35 AM  

ကျားရို ကျားရို...

ဝေါ့............ ဝေါ့.............................

းဝ)

  © Blogger templates 'Sunshine' by Ourblogtemplates.com 2008

Back to TOP