လွမ်းတဲ့ဆောင်း
ဘာလိုလိုနဲ့ ၂၀၀၉ ခုနှစ်ကို နှုတ်ဆက်ဖို့ နောက်ဆုံးလကို ရောက်လာပါပြီ။ ဒီဇင်ဘာတဲ့… ကိုယ်သိတဲ့ ဒီဇင်ဘာဆိုတာ ဆောင်းရာသီပါ။ ဒါပေမယ့် ခုတော့ အပြင်မှာ မိုးတွေသဲနေတယ်။ ရန်ကုန်ဆောင်းနဲ့ ခွဲခွာခဲ့ရတာ ခုဆိုရင် ၂နှစ်တောင် ရှိပြီ။ ရန်ကုန်ဆောင်းဆိုပေမယ့်လည်း ပြောပလောက်အောင် မအေးတော့တာကြာပါပြီ။
မူလတန်းလောက်တုန်းက ကျောင်းတွေက တနေ့လုံးကျောင်း (မနက် ၉- ညနေ၃) မဟုတ်သေးဘူး။ မနက်တချိန် (မနက် ၆- နေ့လည်၁၂) ညနေတချိန် (နေ့လည် ၁၂ခွဲ- ညနေ၅ခွဲ) ကျောင်းတွေဆိုတော့ မနက်ပိုင်းတက်ရတဲ့နှစ်တွေမှာဆိုရင် ဝေလီဝေလင်း မြူတွေကြားထဲက ကျောင်းသွားရင်း အနွေးထည်လှလှလေးဝတ်၊ စကားပြောရင်လည်း အငွေ့လေးတွေထွက်နေတာကို သိပ်သဘောကျခဲ့တယ်။ ခရစ်စမတ် ကျောင်း (၁၀) ရက်ပိတ်တာလည်း ဒီဇင်ဘာလပဲလေ။
ခုချိန်လောက်ဆိုရင် မြန်မာပြည်က သတင်းစာတွေမှာ ခရီးသွားလုပ်ငန်းတွေ အပြိုင်အဆိုင် ကြော်ငြာနေလောက်ရောပေါ့။ ဒီရာသီက ခရီးသွားလို့ အကောင်းဆုံးရာသီပါ။ အခုလောလောဆယ်တော့ ကျိုက်ထီးရိုးသွားချင်နေတယ်။ သူငယ်ချင်းတယောက်ရဲ့ gtalk message က “မြ၀တီမှာလည်း ဒီဇင်ဘာအလှကုန်ပစ္စည်းတွေ ကြော်ငြာနေလောက်ပြီ” တဲ့။း) ခုချိန်ဆိုရင် ‘ဆောင်းအမှီ’ဆိုတဲ့ သီချင်းလေးလည်း လွှင့်နေလောက်တော့မယ်။
ဒီလနဲ့ ပတ်သက်ပြီး စာတွေ ဖွဲ့ကြတယ်၊ သီချင်းတွေ စပ်ကြတယ်။ Sweet December လို့ ခေါ်ကြတယ်။ ဒီဇင်ဘာမှာ ခရစ်စမတ်ပွဲတော်ရှိတယ်၊ နှစ်သစ်ကူးပွဲတော်ရှိတယ်၊ အဲဒါတွေကြောင့် Sweet December လို့ခေါ်ကြတာလို့ထင်တယ်။
ကိုယ်ဖြတ်သန်းခဲ့ဖူးတဲ့ ဆောင်းရာသီလေးကို လွမ်းတယ်။ ခရီးလည်းသွားချင်တယ်။ တချိန်ချိန်မှာတော့ ဖြစ်ချင်တဲ့ ဆန္ဒလေးတွေ အကောင်အထည်ဖော်ခွင့်ရမယ်လို့ ယုံကြည်ပါတယ်။
ဆောင်းရာသီနဲ့ လိုက်ဖက်တဲ့ ဆောင်းအမှီဆိုတဲ့ သီချင်းလေးပါ…
Bandwidth ပြည့်သွားရင် နားထောင်လို့ မရတော့မှာစိုးလို့ စာသားလေးပါ ထည့်ပေးလိုက်ပါတယ်။
(မြောက် လေအပြန် ဟေမာန် ဆောင်းရာသီ ငွေရီငွေနှင်းလေးတွေ ဖြန်းပက်နေတော့သည် တစ်ယောက်လေအထံ မောင်အပြန် ဆောင်းအမှီ လာစေချင်လွန်းလို့သာ ခွန်းဆင့်ကာတေးသီ)၂ (ရွှေ ရွှေကျီးလေးအာနေ) ၂ တစ်စာစာ သူလဲ တစ်အားအားနဲ့ မြည် တစ်အားအားနဲ့မြည် ပျိုလေးခင်ကို ကျီဆည်နေသည် သာလဲသာနိုင် သာနိုင်ပေသည် အောင်နမိတ်ကောင်းလေးအတည် သာနေကြောင်းနဲ့အတည် မောင်ရယ်ဆောင်းအမှီ ဒီကနေ့တော့ ရောက်မယ်ထင်ပါသည်
(အလွန်အေးတဲ့ရာသီ အလွန်ချမ်းတဲ့ရာသီ အလွန်အေးတဲ့ရာသီ မယ်တစ်ရွာ မောင်တစ်မြို့တော့ နေလို့လဲ မဖြစ်နိုင်ပါသည်) ၂ နှစ်ကိုယ်ထွေးရန်အရေးကြုံသည် မောင်ရယ်ဆောင်းအမှီရောက်အောင် ခင့်ထံ ပြန်ခဲ့စေချင်သည်
((ဆောင်းအမှီ ရောက်အောင်သာပြန်ခဲ့ ခင့်ဆီ မနှောင်းမီ မောင့်ကိုသာ ပျိုစောင့်ရသည် သတင်းလေးမသိတော့ နှင်းအေးဘိပေါ့ အတွေးလေးမချိတဲ့ ဆောင်းရာသီ ) ၂ အသည်းတစ်စိမ့်စိမ့်အေးလို့ကြုံသည် ခဲတစ်ငြိမ့်ငြိမ့်ဆွေးလို့ကြုံသည် တစ်နာရီမယွင်းမှီ မောင်ပြန်လာထွေးသည် ဒီရာသီဆောင်း ဆောင်းရာသီလေးအမှီ) ၂
(အလွန်အေးတဲ့ရာသီ အလွန်ချမ်းတဲ့ရာသီ အလွန်အေးတဲ့ရာသီ မယ်တစ်ရွာ မောင်တစ်မြို့တော့ နေလို့လဲ မဖြစ်နိုင်ပါသည်) ၂ နှစ်ကိုယ်ထွေးရန်အရေးကြုံသည် မောင်ရယ်ဆောင်းအမှီရောက်အောင် ခင့်ဆီ ပြန်ခဲ့စေချင်သည်

15 comments:
ခင်ညွန့်ရီဆိုထားတဲ့အခွေ ဟိုးတုန်းက အိမ်မှာရှိလို့ နားထောင်ဖူးတယ်။ ကြိုက်တယ်။
တို့တော့ ရန်ကုန်ဆောင်းမှာ တခါမှ အနွေးထည် မ၀တ်ခဲ့ရဖူးဘူး :)
ဆောင်းနှင်းမိုးတွေ သည်းနေတာကိုကြည့်ရင်း သီချင်းလေးကို နားဆင်းခံစားလိုက်တာ
လွမ်းသလိုလိုနဲ့ အေးခနဲဖြစ်လာပြီး လေဖြတ်ချင်လာတယ်။ ဒီဘလောခ်က နှင်းတွေတအားကျနေတာကိုး။ =P
တို့လည်း Sweet December မှာ မွေးတာမို့ ဆောင်းကို ချစ်တယ်.. နှင်းကို ချစ်တယ်...
အင်း
ငါလည်း လွမ်းနေတာ
း(
ဆောင်းရာသီမှာ မိုးရွာတော့ ကိုဆောင်းချမ်းမိုးကို သတိရတယ်...
ဒန်တန်တန်...။
ရန်ကုန် မပြန်ရတာ ၁ နှစ်ကျော်ပြီ jie jie ရယ်
အိမ်က စောင်ထူထူတွေလွမ်းတယ်။
အင်း... ရန်ကုန်ဆောင်းကို လွမ်းသွားတယ်ဗျာ...
ဒီသီချင်လေးတောင် နားမထောင်ရတာ ကြာပြီဗျ...
ဒီသီချင်းလေးနဲ့အလိုက်ဖက်ဆုံးက ကိုသီဟသစ်လေ
နွေးရ။
ငါလဲတူတူလွမ်းသွားတယ်ဟယ်
ရန်ကုန်ဆောင်းထက်ပိုအေးတဲ့ပဲခူးဆောင်းရာသီမနက်လေးတွေ
အပူအပင်မရှိဆောင်းမနက်မှာပြေးလွှားဆော့ကစားခဲ့တာတွေ အမှတ်ရနေမိတယ် နွေးရေ။
ငါလဲအညာဆောင်းတော့မီမယ်ထင်တယ်။း)))
လွမ်းတာ တူနေပြန်ပါပီကွယ်..
“ စောစောအိပ်လို့ စောစောထလို့ လမ်းလျှောက်ကြပါစို့” ဆိုတဲ့ သီချင်းလေးပါ ထပ်သတိရသွားတယ်..
ကျိုက်ထီးရိုးမှာ ချမ်းလို့ရေမချိုးနိုင်တာ.. လွမ်းစရာကတော့ အများကြီးပဲနော်..
အဖေ့ကို ဖုန်းဆက်တော့ ပြည်မှာ ချမ်းနေလို့ အနွေးထည်ဝတ်နေရပြီတဲ့.. အဖေ့သမီးကတော့ အိုက်လို့ချွေးပြန်လို့ အဲကွန်းဖွင့်နေရတယ်.. သဘာဝ ချမ်းတဲ့အရသာလေးပဲ မက်တယ် နေခြည်ရယ်..
အားလုံး ကို ရွာငံ ဆောင်း ကို ခေါ်သွားချင်တယ်...လွမ်းလိုက်တာ..
အလွမ်းပြေရောက်လာပါတယ် ခင်ဗျ
((((((((((အားးးးးးး)))))))))))))
((((((((((အားးးးးး))))))))))၀)၀)
ဘာမှမဖြစ်ပါဘူးနော်..
အရမ်းကို လွမ်းသွားလို့လေ..းP
ပြန်မရနိုင်တော့တဲ့ ငယ်ဘဝကိုပေါ့..
စာဖတ်ရင်း ကျိုက်ထီးရိုးတတ်ကြတာကို သတိရလိုက်တယ်..
အောက်မှာလည်း ထည့်ရေးထားတာတွေ့လိုက်ရတော့ ပိုဆိုးသွားတယ်.. အဲဒါကြောင့် အော်လိုက်တာနော်
ကျောင်းသားဘဝတုန်းက သူင်ယချင်းဆယ်ယောက်လောက်နဲ့ ကားငှားပြီး ကျိုက်ထီးရိုး ဘုရားဖူးထွက်ကြတာ.. ဘယ်လိုပျော်မှန်း နသိဘူးဗျာ.. ခလိုချိန်ခ်များ အဲဒီ သူငယ်ချင်းတွေနဲ့ ပြန်တွေ့လိုက်ရင်ဖြင့်..
.........................
.........................
.........................
ပျော်ရွှင်ပါစေ
စည်သူ။
အလွမ်းများ ငြိမ်းစေသတည်း။ အိမ်မှာ ရေးတာမဟုတ်လား ဒီပိုစ့်က ပြာတီးပြာယာ ရေးထားသလိုပဲ။ tag player တွေကလည်း နှစ်ထပ်တွေ ဖြစ်နေတယ်။ စာသားတွေကလည်း နားနဲ့လိုက်ရေးထားတာ။းP စတာ။ လွမ်းလွမ်း ဘာမှမဟုတ်ဘူး သူ့ကိုကို ကိုခေါ်နေတာ ဟာဟ
မင်္ဂလာပါ နေခြည်ရေ..
နေကောင်းပါစ။ မပေါ်လာ အတော်ကြာပေါ့နော်။
ဆောင်းအမီဆိုတဲ့ သီချင်းလေးကို နားထောင်ဖြစ်ပြန်ပြီနော်။ အမြဲလိုလို နားဆင်ဖြစ်တဲ့ သီချင်းတွေထဲက တစ်ပုဒ်ပေါ့။
"မောင်တစ်ရွာ မယ်တစ်မြို့တော့ နေလို့လဲ မဖြစ်နိုင်ပါပြီ " တဲ့.. အရမ်းသတိရတယ်ကွယ်.. ဘယ်ကို လွမ်းလို့ လွမ်းမှန်းမသိဘူး :) :)
ခင်မင်စွာဖြင့်
ကိုမျိုး
ငါ လဲ လွမ်းတယ်...။ တော်တော်လေး ကို လွမ်းနေတာ...။ ငါ တို့ရွာလေးက တောင်ခြေ လေးမှာ ကပ်နေတာ ဆိုတော့...မြူလေးတွေက နေတော်တော်မြင့်တဲ့အထိ ရှိနေတတ်တယ်...။ ငါတို့ မောင်နှမတွေ အနွေးထည် ဘောင်းဘီ ခေါင်းစွပ် ကိုယ်စီနဲ့ အိမ်ရှေ့မှာ နေပူစာ လှုံရင်း ဆော့ခဲ့ကြတယ်....။ ဘယ်တော့မှ တစ်သက်လုံး ပြန်မရတော့မယ့် အဲ့ဒီဘ၀ကို ငါ ..... ပိုလွမ်းတယ်..။
ဝင်ကြည့်လိုက်တော့စေတနာတွေအများကြီးကိုတွေ့ ရတယ်။ကြိုးစားထားနော်။အားပေးနေမယ်။
ဘာတွေပဲဖြစ်ဖြစ်စိတ်ဓာတ်မကျပါနဲ့ ။
Post a Comment