Tuesday, January 19, 2010

ဖတ်ထုပ်ဆိုင်


ကိုယ့်ရဲ့ အကျင့်ကိုက အစားမက်တဲ့အကျင့်ဆိုတော့ ဆိုင်တဆိုင်ဆိုင်များကောင်းပြီဆိုရင် သွားစားချင်တာက အရင်ပါ။ အခုလည်း ဒီကလူတွေက Queenstown က ဖတ်ထုပ်ဆိုင်ကောင်းတယ်ဆိုလို့ သွားစားဖြစ်ခဲ့သေးတယ်။ တကယ်လည်း စားကောင်းပါတယ်။ အထဲက အသားရဲ့ အရသာကလည်း မညှီပဲ စားကောင်းပါတယ်။ ရေနွေးတခွက်ကို ၁၀ ပြားနဲ့ ကြိုက်သလောက် ယူသောက်လို့ရပါတယ်။ လိပ်စာတော့ postal code တွေဘာတွေနဲ့ သေချာမသိပါဘူး။ 40A Commonwealth Ave အပေါ်ထပ်က ထောင့်ဆိုင်ပါ။ လမ်းကြုံရင်တော့ ၀င်မြည်းကြည့်လို့ရတာပေါ့နော်း)


ဒီလိုရေနွေးခွက်လေးတွေနဲ့ပါ


ဒါက ဖတ်ထုပ်ပေါင်းပါ။ တခုနှိုတ်စားပြီးမှ ရိုက်ဖို့သတိရလို့


ဖတ်ထုပ်ကြော်ပါ


တုန်ယမ်းစွပ် ဆိုပြီးမှာလိုက်တာပဲ.. ဒီလိုကော်ရည်နဲ့ ချဉ်ချဉ်အရသာရှိတဲ့ ဟင်းရည်တခွက်

ခုတလော စိတ်ရှုပ်ထွေးပြီး ဘာတင်ရမှန်းလဲမသိလို့ ဆားချက်လိုက် အဲလေ ဖတ်ထုပ်ဆိုင်အကြောင်းပဲ တင်လိုက်ပါတယ်။ :D
* တနလာင်္နေ့တိုင်း ဆိုင်ပိတ်ပါသည်။ (ကျန်ခဲ့လို့)း)

22 comments:

ဝက်ဝံလေး January 19, 2010 11:15 AM  

အီးးးး ဖက်ထုပ်ပြုတ်စားချင်တယ် ဗျ
မမနွေးရေ နေကောင်းလား ဗျိုးးးးးးးးးး

sweetpeony January 19, 2010 11:16 AM  

စားချင်တယ်... စားချင်တယ်............. ;((((((((((((((

ဖိုးစိန် January 19, 2010 12:21 PM  

ကောင်းတယ်ဆိုရင် မကြေငြာရဘူး

ခေါ်သွား၇တယ်..

မိုးခါး January 19, 2010 1:02 PM  

စားချင်တယ်တော့
ဘယ်လိုသွားရလဲ

နွေးနေခြည် January 19, 2010 1:28 PM  

Queentown MRT နဲ့ CommonWealth MRT ကြားမှာရှိတယ် မိုးခါး.. ရထားသွားတဲ့လမ်းက ကြည့်ရင် မြင်နေရတယ်။ Queentown MRT နားက ဓာတ်ဆီဆိုင်နဲ့ မျက်နှာချင်းဆိုင် တည့်တည့်ကပဲး)

နွေးနေခြည် January 19, 2010 1:31 PM  

တခုပြောဖို့မေ့သွားတယ် တနလာင်္နေ့တိုင်း ဆိုင်ပိတ်ပါတယ်။

မေဇင် January 19, 2010 1:38 PM  

မှတ်ထားမယ် သွားစားမယ်......ဟွန်း သွားစားတော့ မခေါ်သွားပဲနဲ့... ဘူတူတွေနဲ့သွားတာလဲ...း)) ။

ကိုမျိုး (အညာမြေ) January 19, 2010 2:25 PM  

မင်္ဂလာပါ ..

အင်း.. သွားစားအုံးမှ။
နောက်လဲ အစားအသောက်ကောင်းကောင်း ဆိုင်လေးတွေ တွေ့ရင် ပြောအုံးဗျ။ :) :)...

ခင်မင်စွာဖြင့်
ကိုမျိုး

မေလေး January 19, 2010 2:40 PM  

နာ့နဲ့တွားတာ နောင့် :P

Phyo Maw January 19, 2010 7:38 PM  

ဝါးတီးပါလား။ စားကြပါ သောက်ကြပါ

သီဟသစ် January 19, 2010 7:59 PM  

ဒီကိစ္စမျိုးမှ ကျော်တက်ခံလို့မရဘူး ဟွန်း..
:)

ခုတစ်ပါတ်စနေ၊ တနင်္ဂနွေ သွားစားမယ်

မန္တလေးရောက်မှ အ၀ထပ်စားမယ်
:)


ခင်မင်စွာဖြင့်
သီဟသစ်

kaungkinpyar January 20, 2010 1:00 AM  

ဒီမယ် ဒီမယ် မသွားတတ်ဘူးးးလိုက်ပို့ပါ...း)

လင်းကြယ်ဖြူ January 20, 2010 5:06 AM  

တနင်္လာနေ့ သွားစားမယ်...
အာ...ဆိုင်ပိတ်တာပဲ.....း )

ညရဲ့ကောင်းကင် January 20, 2010 9:04 AM  

သွားစားအုန်းမယ်ဗျ...

ဧပရယ်လ်ပူး@ပူးတေ January 20, 2010 9:21 AM  

နောက်ဆို မသွားခင် သံချောင်းခေါက်ပါဗျို့ ။ ခုတော့ တူတို့ တွားစားပီးမှ ဟွန့်။
:)

ဗညားရှိန် January 20, 2010 10:54 AM  

တွားနိုင်ကြပါစေ တွားနိုင်ကြပါစေ အဟင့် အဟင့်

ပွင့်မြုးဇင် January 20, 2010 11:07 AM  

ကောင်းတယ်ဆိုရင် မကြေငြာရဘူး

ခေါ်သွား၇တယ်..

January 19, 2010 12:21 PM

Yes... Agree!

ခရေညို January 20, 2010 5:13 PM  

သွားစားအုန်းမှပဲ ကောင်းမဲ့ပုံပဲ

ကိုလူထွေး January 25, 2010 2:40 AM  

သွားရည်ယိုအောင်လုပ်တယ်...

းဝ)

mabaydar March 15, 2010 9:12 AM  

အဲဒါ မြန်မာဆိုင်ပဲလား... အဟီး... ငါ့ညီမက စားလဲစားတယ် ခန္ဗာကိုယ်လေးကလဲ ထိန်းနိုင်တယ်... အဲဒိ လျှို့ဝှက်ချက်လေး ပြောပါဦး... စိတ်ဝင်စားလို့...

အန်တီချမ်း April 22, 2010 11:42 PM  

နနခရေ
မရောက်တာကြာလို့လာလည်တယ်
စားကောင်းမယ့်ပုံပဲ
ဖက်ထုပ်က ရုပ်တော့နည်းနည်းဆိုးနေတယ်
ဘန်ကောက်က ဖက်ထုပ်က ပိုလှတယ်
ရိုက်လာပြမယ်နော်

mabaydar May 17, 2010 7:07 AM  

ဒီပိုစ့်ကို ဘယ်နှစ်ခါလာကြည့်ကြည့် ဖတ်ထုတ်ကြော် စားချင်စိတ်ဖြစ်တယ်... ကဲ... ဘလော့ပိုင်ရှင်မှာ တာဝန်ရှိတယ်...

  © Blogger templates 'Sunshine' by Ourblogtemplates.com 2008

Back to TOP